K pop

■ K-Pop Idol တွေရဲ့ အခက်အခဲကို အပြည့်အဝခံစားနိုင်မယ့် aespa ရဲ့ SM Culture Universe

– – – SMCU က စိတ်ကူးယာဉ်ဖြစ်ပေမဲ့ ဒါဟာ aespa အပါအဝင် K-Pop Idol တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ရုန်းကန်ရမှုတွေကို ပေါ်လွင်စေပါတယ်။

SM Entertainment က SM Culture Universe (the SMCU) နဲ့ပတ်သက်လို့ storyline တွေကို ပြောပြထားတဲ့ ဗီဒီယိုကို You Tube မှာ တင်ခဲ့တာပါ။

အဲဒီဗီဒီယိုမှာ aespa အဖွဲ့ဝင်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို မြင်ရမှာ ဖြစ်ပြီး ဝတ်စားကောင်းစားတွေ ဝတ်ပြီး ပိုက်ဆံတွေ လွယ်လွယ်ရနေတယ်လို့ ထင်တဲ့ K-Pop Idol တွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ချီးကျူးမှုတွေနဲ့ သာယာနေချိန်မှာ အဲဒီချီးကျူးမှုတွေက ဝေဖန်သံတွေအဖြစ် ရုတ်ချည်း ပြောင်းလဲသွားရင် ဘယ်လို ခံစားရမလဲ၊ ဒါတွေကို ဘယ်လိုခါးစည်းခံကြရသလဲဆိုတာကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Source: Koreaboo

You cannot copy content of this page