K pop

■ aespa အဖွဲ့ဝင်တွေ SM ကို ဘယ်လိုရောက်လာသလဲ

– – -aespa အဖွဲ့ဝင် (၄) ယောက်ဟာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကိုယ်စီနဲ့ SM Entertainment ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး…..

တလောက ထုတ်လွှင်ခဲ့တဲ့ SBS Power FM‘s Choi Hwa Jung’s Power Time အပိုင်းမှာတော့ aespa အဖွဲ့ဝင်တွေက သူမတို့အနေနဲ့ SM ကို ဘယ်လို ရောက်လာသလဲဆိုတာ ဖွင့်ဟခဲ့ကြပါတယ်။

NingNing က တရုတ်နိုင်ငံမှာရှိတဲ့ အဆိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း သူမကို SM Casting မန်နေဂျာက သတိထားမိပြီး ဆက်သွယ်ခဲ့တာပါ။ “တရုတ်နိုင်ငံက အဆိုပြိုင်ပွဲ အများကြီးမှာ ကျွန်မ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ကျွန်မရဲ့ ဗီဒီယိုကိုကြည့်ပြီး အေဂျင်စီက ဆက်သွယ်ခဲ့တာပါ”လို့ NingNing က ဖွင့်ဟခဲ့ပါတယ်။ အစပိုင်းမှာ NingNing က ဒါက လိမ်နေတာလားလို့တောင် တွေးခဲ့ပါတယ်။

Winter ကလည်း dance festival တစ်ခုမှာ ပါဝင်ရင်း Casting မန်နေဂျာရဲ့ ဆက်သွယ်မှုကို ခံခဲ့ရတာပါ။ ဒါပေမဲ့ ဘယ်အေဂျင်စီလဲဆိုတာ မပြောတဲ့အတွက် အစပိုင်းမှာ လိမ်နေတာလားလို့တောင် တွေးမိခဲ့တယ်လို့ Winter က ဆိုပါတယ်။ “dance festival တစ်ခုမှာ အရွေးခံခဲ့ရတာပါ။ Casting မန်နေဂျာက SM က ဆိုတာမပြောတဲ့အတွက် လိမ်နေတာလားလို့တောင် ထင်ခဲ့မိတယ်”လို့ Winter က ဆိုခဲ့ပါတယ်။

Karina ကတော့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် SM ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ “အေဂျင်စီကို မရောက်ခင်တုန်းက ကျွန်မက ဆိုရှယ်မီဒီယာမှာ တော်တော် Active ဖြစ်ပါတယ်။ Casting မန်နေဂျာက ကျွန်မအကောင့်ကို တိုက်ရိုက်မက်ဆ့ချ်ပိုခဲ့တာပါ”လို့ Karina က ဆိုခဲ့ပါတယ်။

အပေါ်က အဖွဲ့ဝင် (၃) ယောက်ကို Casting မန်နေဂျာက ရှာတွေ့ခဲ့တာဖြစ်ပြီး Giselle ကတော့ SM Entertainment ကို ကိုယ်တိုင် သွားရောက်ပြီး ခက်ခဲကြမ်းတမ်းတယ်လို့ နာမည်ကြီးတဲ့ Saturday Audition ဝင်ရင်း အောင်မြင်လာခဲ့တာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ aespa အဖြဲ႕၀င္ေတြ SM Entertainment ကို ဘယ္လိုေရာက္လာသလဲ

– – -aespa အဖြဲ႕ဝင္ (၄) ေယာက္ဟာ စိတ္ဝင္စားဖြယ္ ဇာတ္လမ္းကိုယ္စီနဲ႔ SM Entertainment ကို ေရာက္ရွိလာခဲ့ၾကတာျဖစ္ၿပီး…..

တေလာက ထုတ္လႊင္ခဲ့တဲ့ SBS Power FM‘s Choi Hwa Jung’s Power Time အပိုင္းမွာေတာ့ aespa အဖြဲ႕ဝင္ေတြက သူမတို႔အေနနဲ႔ SM ကို ဘယ္လို ေရာက္လာသလဲဆိုတာ ဖြင့္ဟခဲ့ၾကပါတယ္။

NingNing က တ႐ုတ္ႏိုင္ငံမွာရွိတဲ့ အဆိုၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ရင္း သူမကို SM Casting မန္ေနဂ်ာက သတိထားမိၿပီး ဆက္သြယ္ခဲ့တာပါ။ “တ႐ုတ္ႏိုင္ငံက အဆိုၿပိဳင္ပြဲ အမ်ားႀကီးမွာ ကြၽန္မ ပါဝင္ခဲ့ပါတယ္။ အဲဒီေနာက္ ကြၽန္မရဲ႕ ဗီဒီယိုကိုၾကည့္ၿပီး ေအဂ်င္စီက ဆက္သြယ္ခဲ့တာပါ”လို႔ NingNing က ဖြင့္ဟခဲ့ပါတယ္။ အစပိုင္းမွာ NingNing က ဒါက လိမ္ေနတာလားလို႔ေတာင္ ေတြးခဲ့ပါတယ္။

Winter ကလည္း dance festival တစ္ခုမွာ ပါဝင္ရင္း Casting မန္ေနဂ်ာရဲ႕ ဆက္သြယ္မႈကို ခံခဲ့ရတာပါ။ ဒါေပမဲ့ ဘယ္ေအဂ်င္စီလဲဆိုတာ မေျပာတဲ့အတြက္ အစပိုင္းမွာ လိမ္ေနတာလားလို႔ေတာင္ ေတြးမိခဲ့တယ္လို႔ Winter က ဆိုပါတယ္။ “dance festival တစ္ခုမွာ အေ႐ြးခံခဲ့ရတာပါ။ Casting မန္ေနဂ်ာက SM က ဆိုတာမေျပာတဲ့အတြက္ လိမ္ေနတာလားလို႔ေတာင္ ထင္ခဲ့မိတယ္”လို႔ Winter က ဆိုခဲ့ပါတယ္။

Karina ကေတာ့ ဆိုရွယ္မီဒီယာေတြကေနတစ္ဆင့္ SM ကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ “ေအဂ်င္စီကို မေရာက္ခင္တုန္းက ကြၽန္မက ဆိုရွယ္မီဒီယာမွာ ေတာ္ေတာ္ Active ျဖစ္ပါတယ္။ Casting မန္ေနဂ်ာက ကြၽန္မအေကာင့္ကို တိုက္႐ိုက္မက္ဆ့ခ်္ပိုခဲ့တာပါ”လို႔ Karina က ဆိုခဲ့ပါတယ္။

အေပၚက အဖြဲ႕ဝင္ (၃) ေယာက္ကို Casting မန္ေနဂ်ာက ရွာေတြ႕ခဲ့တာျဖစ္ၿပီး Giselle ကေတာ့ SM Entertainment ကို ကိုယ္တိုင္ သြားေရာက္ၿပီး ခက္ခဲၾကမ္းတမ္းတယ္လို႔ နာမည္ႀကီးတဲ့ Saturday Audition ဝင္ရင္း ေအာင္ျမင္လာခဲ့တာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page