Celebrity

■ တရားစွဲခံထားရပေမဲ့ ဆောင်းပါးကို ဖြုတ်ချဖို့ Nam Joo Hyuk ကို စွပ်စွဲသူ ငြင်းဆန်

– – – Nam Joo Hyuk ရဲ့ အေဂျင်စီက ချက်ချင်းငြင်းချက်ထုတ်ခဲ့သလို၊ တရားစွဲထားပေမဲ့လည်း ….

နာမည်ကျော်မင်းသား Nam Joo Hyuk အနေနဲ့ ကျောင်းတုန်းက အနိုင်mျc့်ခဲ့တယ်ဆိုပြီး စတင်စွပ်စွဲခဲ့သူဟာ မင်းသားရဲ့ အေဂျင်စီဘက်က တရားစွဲထားပေမဲ့ အွန်လိုင်းမှာ တင်ထားတဲ့ ဆောင်းပါးကို ဖြုတ်ချဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

သိပ်မကြာခင်က Nam Joo Hyuk ရဲ့ အေဂျင်စီက မင်းသားကို စွပ်စွဲခဲ့တဲ့ ကနဦးစွပ်စွဲသူကို တရားစွဲထားတယ်လို့ သိရပါတယ်။ မင်းသား Nam Joo Hyuk ကို စတင်စွပ်စွဲခဲ့သူဟာ နယ်နယ်ရရ မဟုတ်ဘဲ မီဒီယာသတင်းထောက်နဲ့ ကိုရီးယားမီဒီယာတစ်ခုရဲ့ အမှုဆောင်ချုပ်ဖြစ်တယ်လို့ သိရပါတယ်။

Nam Joo Hyuk ရဲ့ အေဂျင်စီဘက်က တရားစွဲပြီးနောက်မှာ စတင်စွပ်စွဲသူကို အွန်လိုင်းမှာ တင်ထားတဲ့ ဆောင်းပါးကို ဖြုတ်ချဖို့ တောင်းဆိုခဲ့ပေမဲ့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားစွဲခံရပြီး အဲဒီဆောင်းပါးမှာ Nam Joo Hyuk ရဲ့သားကောင်နေရာမှာ အနိုင်mျc့်ခံရဆိုတဲ့ စာသားပြောင်းလဲတယ်လို့ ဆိုပါတယ်။

စွပ်စွဲသူရဲ့အွန်လိုင်းမီဒီယာမှာ “ကျွန်တော်တို့အနေနဲ့ ဆောင်းပါးကို ဖြုတ်ချဖို့ မရှိပါဘူး။ Nam Joo Hyuk က ဆောင်းပါးကို အမှန်ပြင်ပေးရင် တရားစွဲထားတာကို ရုတ်သိမ်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သတင်းပေးရဲ့ သတင်းတွေက အသေးစိတ်ကျပြီး မှန်ကန်လို့ ပြန်ပြင်မှာ မဟုတ်ပါဘူး။ သူက ကျောင်းတုန်းက Nam Joo Hyuk ဟာ သူ့ကို ၂ နှစ်ကျော်လောက် မုန့်ဝယ်ခိုင်းခဲ့တာတွေ ရှိတယ်”လို့ ဆိုပါတယ်။

Nam Joo Hyuk ရဲ့ အေဂျင်စီကတော့ စွပ်စွဲချက်ထွက်လာပြီးကတည်းက ငြင်းချက်ထုတ်ပြန်ကာ တရားစွဲပစ်မယ်လို့ ကြုံးဝါးခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source: AKP

You cannot copy content of this page