K pop

■ တစ်နေရာတည်းမှာ အတူတူမြင်တွေ့ခဲ့ရတဲ့ G-Dragon နဲ့ J-Hope

– – – သူတို့နှစ်ဦး ဘာကြောင့် ဒီကို ရောက်နေတာလဲ။ Cele တွေ အများကြီး စုနေတဲ့ပွဲကရော ဘာပွဲများ ဖြစ်မလဲ …

ဇွန်လကုန်ပိုင်းက ဂီတပညာရှင် Taihei Kirioka က Brand တစ်ခုက ကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ပြီးနောက် အုပ်စုလိုက်ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ Instagram story မှာ ဝေမျှခဲ့ရာမှာတော့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီဓာတ်ပုံမှာ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon နဲ့ BTS အဖွဲ့ဝင် J-Hope တို့ ပါဝင်နေလို့ပါပဲ။ J-Hope က လူတွေနဲ့ အုပ်စုလိုက် ပြုံးရယ်ကာ ရိုက်ကူးထားပြီး G-Dragon ကတော့ သူတို့အုပ်စုရှေ့မှာ ကျောခိုင်းကာ ရိုက်ကူးထားတာပါ။

အဲဒီနေ့မှာပဲ အမေရိကန် ရုပ်တုပညာရှင် Tom Sachs ကလည်း သူ့ရဲ့ Instagram မှာ ဓာတ်ပုံတစ်ပုံကို ဝေမျှခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာ ကိုရီးယားနာမည်ကျော်တွေဖြစ်တဲ့ Park Seo Joon, Choi Woo Shik, G-Dragon, Lee Chung Ah, Seol Hyun, Jung Yu Mi, and Ryu Jun Yeol တို့ကို မြင်တွေ့ရမှာပါ။

အစောပိုင်းက G-Dragon၊ BTS အဖွဲ့ဝင်တွေဖြစ်တဲ့ J-Hope နဲ့ Suga, T-ara အဖွဲ့ဝင် Hyomin တို့ဟာ Tom Sachs ရဲ့ ပြပွဲကို တက်ရောက်ခဲ့ပြီး G-Dragon နဲ့ J-Hope တို့ကတော့ သူ့ရဲ့ ညစာစားပွဲကိုပါ တက်ရောက်ခဲ့ပုံ ရပါတယ်။

Source: KBZ

You cannot copy content of this page