K pop

■ BTS V ကို Oppa လို့ Lisa ခေါ်ခဲ့တဲ့ အခိုက်အတန့်

– – – Paris Fashion Week ကို တက်ရောက်ခဲ့ကြတဲ့ BLACKPINK Lisa နဲ့ BTS V တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးကို …

BTS အဖွဲ့ဝင် V, BLACKPINK အဖွဲ့ဝင် Lisa နဲ့ မင်းသား Park Bo Gum တို့ဟာ CELINE က ကြီးမှူး ပြုလုပ်တဲ့ Paris Fashion Show ကို တက်ရောက်ခဲ့ကြပြီး သူတို့ ၃ ယောက်အကြား အခိုက်အတန့်တွေက အွန်လိုင်းတွေမှာ ကျော်ကြားနေတာပါ။

သူတို့အထဲမှာ လက်ရှိ K-Pop ရဲ့ နာမည်အကြီးဆုံးအဖွဲ့တွေဖြစ်တဲ့ BTS နဲ့ BLACKPINK အဖွဲ့ဝင်တို့ကို ပရိသတ်တွေက ပိုပြီး စိတ်ဝင်စားခဲ့တာဖြစ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ သူတို့အကြား ပြောဆိုဆက်ဆံပုံတွေကို မလွတ်တမ်းစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

online community ဖြစ်တဲ့ Instiz မှာတော့ BLACKPINK အဖွဲ့ဝင် Lisa က BTS အဖွဲ့ဝင် V ကို “Oppa” လို့ ခေါ်ခဲ့တယ်ဆိုပြီး ပရိသတ်တွေက ဆိုနေကြပါတယ်။ V, Lisa နဲ့ မင်းသား Park Bo Gum တို့ မီဒီယာတွေနဲ့ ပရိသတ်တွေ ဓာတ်ပုံရိုက်ခံဖို့ ဆင်းလာချိန်မှာ ခေါ်ခဲ့တာပါတဲ့။

ပရိသတ်တွေနဲ့ မဂ္ဂဇင်းတွေက သူတို့ သုံးယောက်ကို ဓာတ်ပုံရိုက်နေချိန်မှာ Lisa က V ကို ကင်မရာတွေကို အာရုံစိုက်လို့ရအောင် “Oppa” လို့ လှမ်းခေါ်ခဲ့တာဖြစ်ပြီး Paris Fashion Week မှာ သူတို့ရဲ့ ဆက်ဆံရေးဟာ ရင်းနှီးတဲ့အဆင့်ကို ရောက်ခဲ့မယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။

BLACKPINK အဖွဲ့ဝင် Lisa ဟာ ၁၉၉၇ ခုနှစ်မှာ မွေးဖွားတာဖြစ်ပြီး BTS အဖွဲ့ဝင် V ကတော့ ၁၉၉၅ ခုနှစ်မှာ မွေးဖွားတာကြောင့် Lisa ထက် အသက် ၂ နှစ်ကြီးသလို၊ အနုပညာလောကမှာလည်း V ဟာ Lisa စီနီယာကျသူ ဖြစ်ပါတယ်။

Source: KSZ

You cannot copy content of this page