Celebrity

■ အပျိုကြီး Jang Nara ရဲ့ မင်္ဂလာဆောင်က အလန်းစားဓာတ်ပုံတွေ ထွက်ပေါ်လာ

– – – အသက် ၄၁ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီး Jang Nara ရဲ့ မင်္ဂလာဆောင်က အလန်းစားဓာတ်ပုံတွေ …

မင်းသမီး Jang Nara ဟာ ဇွန် ၂၆ ရက်မှာ ဆိုးလ်က Bonelli Garden မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး အနုပညာ အသိုင်းအဝိုင်းက မင်းသမီးနဲ့ ရင်းနှီးတဲ့ သရုပ်ဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ မင်းသမီး Jang Nara ရဲ့ အေဂျင်စီဖြစ်တဲ့ Lawon Munhwa က မင်းသမီးရဲ့ မင်္ဂလာ ဧည့်ခံပွဲက အလန်းစားဓာတ်ပုံတွေကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး Jang Nara ရဲ့ မင်္ဂလာဆောင်မှာ “Sell Your Haunted House” ဇာတ်လမ်းတွဲက ခေါင်းဆောင်သရုပ်ဆောင်ဖြစ်တဲ့ CNBLUE အဖွဲ့ဝင် Jung Yong Hwa က ကတိပေးထားတဲ့အတိုင်း သီချင်းသီဆို ဖျော်ဖြေခဲ့တာပါ။

ပြီးတော့ Park Kyung Lim နဲ့ Lee Soo Young တို့ဟာ မင်္ဂလာဧည့်ခံပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ စုံတွဲသီချင်း သီဆိုခဲ့ကြပါတယ်။ မင်းသမီး Jang Nara ဟာ သူ့ထက် ၆ နှစ်ငယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနဲ့ လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Koreaboo

You cannot copy content of this page