– – – မင်္ဂလာဆောင်ပြီး ၃ လမပြည့်ခင်မှာ အမေရိကန်မှာ ဟိုတယ်အောင်းသိုင်းကျင့်ခဲ့တဲ့ Hyun Bin တို့အတွဲ သိုင်းအောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇွန် ၂၇ ရက်မှာ မင်းသမီး Son Ye Jin က သူ့အနေနဲ့ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်း Instagram က ကြေညာခဲ့ပြီး ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။
မင်းသမီး Son Ye Jin ဟာ အသက် ၄၀ ကျော်ပြီးဖြစ်လို့ သူတို့အတွဲ မြန်မြန်ကလေးယူဖို့ ပရိသတ်တွေ ဆုတောင်းခဲ့ကြပြီး အခုတော့ ဆုတောင်းပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
Son Ye Jin ကိုယ်ဝန်လွယ်ထားရကြောင်း အတည်ပြုပြီးနောက်မှာတော့ ကိုရီးယား Netizens တွေက လူမှုကွန်ရက်တွေမှာ အားကျကြောင်းနဲ့ ဟန်းနီးမွန်းတစ်ခုတည်းနဲ့ စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ချီးကျူးစကားဆိုခဲ့ကြပါတယ်။
ကိုရီးယားရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ဟာ ၂၀၂၂ မတ်လ ၃၁ ရက်မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး သုံးလ မပြည့်ခင်မှာ ပထမဆုံးကလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
Source: Koreaboo