– – – လက်ထပ်ပြီး ၃ လမပြည့်ခင်မှာ အသက် ၄၀ အရွယ် မင်းသမီးက …
နာမည်ကျော်အတွဲဖြစ်တဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ဟာ သိပ်မကြာခင်မှာ မိဘတွေ ဖြစ်လာတော့မှာပါ။ ဇွန်လ ၂၇ ရက်မှာ မင်းသမီး Son Ye Jin က သူ့အနေနဲ့ ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်း Instagram က ကြေညာခဲ့တာပါ။
Hyun Bin နဲ့ Son Ye Jin တို့ဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာကတည်းက မင်းသမီးအနေနဲ့ ကိုယ်ဝန်လွယ်ထားရတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြတာဖြစ်ပြီး အခုတော့ သူတို့ကိုယ်တိုင် အတည်ပြုခဲ့တာပါ။ Son Ye Jin ရဲ့ ကြေညာချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
“အားလုံး နေကောင်းကြတယ် မဟုတ်လား။ ကျွန်မလည်း နေကောင်းပါတယ်၊ ဒီနေ့တော့ ကျွန်မအနေနဲ့ အပျော်တချို့ကို ဂရုတစိုက်နဲ့ ဝေမျှချင်ပါတယ်။ ကျွန်မတို့ဆီကို ဘဝသစ်လေးတစ်ခု ရောက်လာတော့မှာပါ။ ကျွန်မ နည်းနည်းငြီးစီစီဖြစ်နေပေမဲ့ နေ့တိုင်း ခန္ဓာကိုယ်အပြောင်းအလဲကို ခံစားရပြီး စိတ်လှုပ်ရှားနေပါတယ်။
ကျေးဇူးတင်လွန်းသလို၊ ဂရုစိုက်လွန်းတာကြောင့်လည်း ကျွန်မအနေနဲ့ အခုထိ ဘယ်သူ့ကိုမှ မပြောရသေးပါဘူး။ ဒါကြောင့် သိပ်ပြီးနောက်မကျခင် ကျွန်မတို့လို မျှော်နေတဲ့ ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကတိပေးတာပါ။
ကျွန်မတို့အနေနဲ့ ကျွန်မတို့ဆီ ရောက်လာမယ့် အဖိုးတန်ဘဝလေးကို ကာကွယ်သွားမှာပါ။ ရှင်တို့ အားလုံးလည်း ဘဝမှာ အဖိုးတန်တဲ့ အရာတွေကို ကာကွယ်နိုင်ဖို့ ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျွန်မ ဆုတောင်းပေးပါတယ်”လို့ ရေးသားခဲ့တာပါ။
Source: Koreaboo