K pop

■ နာမည်ကြီးနေတဲ့ Paris Fashion Week က Park Bo Gum, V နဲ့ Lisa တို့ရဲ့ အခိုက်အတန့်

– – – CELINE က ပြုလုပ်တဲ့ Paris Fashion Show ကို တက်ရောက်ခဲ့တဲ့ သူတို့ (၃) ယောက်ကြားက အခိုက်အတန့်တွေဟာ …

BTS အဖွဲ့ဝင် V, BLACKPINK အဖွဲ့ဝင် Lisa နဲ့ မင်းသား Park Bo Gum တို့ဟာ CELINE က ကြီးမှူး ပြုလုပ်တဲ့ Paris Fashion Show ကို တက်ရောက်ခဲ့ကြပြီး သူတို့ ၃ ယောက်အကြား အခိုက်အတန့်တွေက အွန်လိုင်းတွေမှာ ကျော်ကြားနေတာပါ။

CELINE က Paris Fashion Show အတွက် သူတို့ ၃ ဦးကို ကိုယ်ပိုင်လေယာဉ် စီစဉ်ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲဒီကတည်းက ပရိသတ်တွေအကြား ဟော့ဖြစ်နေတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမှာ ပြုလုပ်ခဲ့တဲ့ပွဲအပြီးမှာတော့ သူတို့ ၃ ယောက်ကြား အခိုက်အတန့်တွေ တော်တော်လေး ထွက်ပေါ်လာခဲ့ပါတယ်။ V နဲ့ Lisa တို့အတွက် ပရိသတ်တွေပေးတဲ့ ပန်းစည်းနဲ့ စာတွေကို Park Bo Gum လက်ခံပေးခဲ့တာက ပရိသတ်တွေကြား ကျော်ကြားခဲ့တာပါ။

အဲဒီလိုပဲ ပရိသတ်တွေနဲ့ မဂ္ဂဇင်းတွေ ဓာတ်ပုံရိုက်ချိန်မှာ Lisa က V ကို Oppa လို့ ခေါ်ခဲ့တဲ့ အခိုက်အတန့်တွေဟာ နာမည်ကျော်လူမှုကွန်ရက်တွေမှာ တော်တော်လေးကို ကျော်ကြားနေတာပါ။ Paris Fashion Week က Park Bo Gum, V နဲ့ Lisa တို့ရဲ့ အခိုက်အတန့်ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Source: Koreaboo

You cannot copy content of this page