K pop

■ အလန်းစားစတိုင်လ်တွေနဲ့ Netizens တွေကို Wow စေခဲ့ပြန်တဲ့ G-Dragon

– – – လုပ်ဖော်ကိုင်ဖက် ဘော်ဒါတွေတင်လို့ မြင်ရတဲ့ ပုံတွေမှာ G-Dragon ဘယ်လောက်ထိ လန်းနေတယ်ဆိုတာတော့ …

ကိုရီးယားရဲ့ ဖက်ရှင်လောကကို ဦးဆောင်ခဲ့တဲ့ G-Dragon ဟာ ဒီတစ်ခါမှာလည်း အလန်းစားဖက်ရှင် စတိုင်လ်တွေနဲ့ ကိုရီးယား Netizens တွေကို ပါးစပ်အဟောင်းသားဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့ပြန်ပါတယ်။

လက်ရှိ ကိုရီးယားအွန်လိုင်းတွေမှာ ဒီဓာတ်ပုံတွေမှာ G-Dragon ရဲ့ အဝတ်အစားတွေကို အရမ်းမိုက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ King of K-Pop ရဲ့ ဓာတ်ပုံတွေ တော်တော်များများ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့တာပါ။

ဓာတ်ပုံမှာတော့ cardigan နဲ့ baggy trousers ဝတ်ဆင်ထားတဲ့ G-Dragon ကို မြင်တွေ့ရမှာ ဖြစ်သလို၊ အနက်ရောင် jacket၊ နေကာမျက်မှန်တွေ ဝတ်ဆင်ထားတာကိုလည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို မြင်တွေ့ပြီးနောက်မှာတော့ Netizens တွေက “ပျော်ပျော်နေပါ ဆရာ TTT”၊

“သူဝတ်ထားတဲ့ ဖိနပ်မှာ ဘယ်မှာ ရောင်းလဲ။ လိုချင်လိုက်တာ”၊ “ချောလွန်းနေတယ်။ ရူးပြီလေ”၊ “လေဆိပ်ဖက်ရှင်ကို စတင်ခဲ့သူကြီးဆိုတော့လည်း အမြဲဂေါ်နေတာ”

“album သစ်လေး ထုတ်ပေးပါ TTT”၊ “ငါတို့ oppa ပြန်လာပြီလေ”၊ “ဘယ်လိုနေနေ တင့်တယ်နေတာပဲ”၊ “ချောနေ၊ ဟော့နေပုံကြီးကလည်း” စတဲ့ မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့ကြပါတယ်။

Source: AKP

You cannot copy content of this page