K pop

■ Variety Series သစ်အတွက် teaser poster ကို Girls’ Generation ပြသ

– – – Girls’ Generation က ဘယ်တော့ လာမလဲ။ ဘယ်လိုတွေ မြင်တွေ့ခွင့်ရမလဲဆိုတာကိုတော့ …

Girls’ Generation အဖွဲ့ဟာ သူတို့ရဲ့ လာမယ့် comeback variety series ဖြစ်တဲ့ ‘Soshi Tamtam’ အတွက် ပထမဆုံး teaser poster ကို ထုတ်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

ဇူလိုင်လ ၅ ရက် ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ ထုတ်လွှင့်မယ့် ‘Soshi Tamtam’ မှာ Girls’ Generation အဖွဲ့ဝင်တွေအနေနဲ့ ဒီနေ့ခေတ်စားနေတဲ့ variety program formats နဲ့ မတူတာတွေကို ချပြသွားမယ်လို့ သိရပါတယ်။

‘Soshi Tamtam’ ရဲ့ teaser poster မှာ အဖွဲ့ဝင် ၈ ဦးစလုံးကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီ Variety Series မှာ အဖွဲ့ဝင်တွေရဲ့ ပျော်စရာဂိမ်းစ်တွေ၊ retro vibe တွေကို မြင်ရမှာပါ။ Girls’ Generation ရဲ့ ‘Soshi Tamtam’ ကို JTBC က အင်္ဂါညတွေမှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Girls’ Generation အဖွဲ့ဟာ လာမယ့် သြဂုတ်လမှာ အဖွဲ့ ပွဲထွက် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင် (၈) ဦးစလုံး အစုံအလင်နဲ့ Album ထုတ်ဝေဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Source: AKP

You cannot copy content of this page