K pop

■ မမေ့နဲ့။ သတိရပါ။ နောက်မကျနဲ့ သီချင်းနဲ့ ပြန်လာမယ့် Lee Seung Gi

– – – နောက်ပိုင်း သရုပ်ဆောင်ဘက်မှာ ပိုမြင်ရတဲ့ အဆိုတော်မင်းသား Lee Seung Gi ဟာ အလန်းစားသီချင်းနဲ့ …

ကိုရီးယားနာမည်ကျော် Lee Seung Gi ဟာ music composer team ရဲ့ခေါင်းဆောင် Planet နဲ့အတူ collaborating လုပ်ထားတဲ့ “Don’t Forget, Remember, Don’t Be Late”လို့ အမည်ပေးထားတဲ့ သီချင်းကို ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

အဲဒီသီချင်းက pop rock အမျိုးအစားဖြစ်ပြီး ဂစ်တာသံကို အဓိကပြုထားတာကြောင့် Lee Seung Gi ရဲ့ ပါဝါမြင့် အသံနဲ့ အရမ်းကို လိုက်ဖက်မယ်လို့လည်း ပရိသတ်တွေ သုံးသပ်နေကြပါတယ်။ Lee Seung Gi ဟာ အဆိုတော်ဘဝစကတည်းက rock genre ကို စိတ်ဝင်စားခဲ့တာကြောင့် မျှော်လင့်ချက် မြင့်တက်နေပါတယ်။

အထူးသဖြင့် အခုသီချင်းကို နာမည်ကျော်တေးရေးဆရာတွေဖြစ်တဲ့ Kim Eana နဲ့ Miles Showell တို့ ရေးသားထားတာကြောင့် Lee Seung Gi ရဲ့ သီချင်းကွာတလီအပေါ် ပရိသတ်တွေ စိတ်ဝင်စားနေကြတာပါ။ Lee Seung Gi ရဲ့ “Don’t Forget, Remember, Don’t Be Late” သီချင်းကို ဇူလိုင် ၁ ရက် ကိုရီးယားစံတော်ချိန် နေ့လယ် ၁ နာရီမှာ ထုတ်ဝေမယ်လို့ သိရပါတယ်။

Source: AKP

You cannot copy content of this page