K pop

■ (၁၅) နှစ်ကြာ သူငယ်ချင်းဆက်ဆံရေးကို ပြသခဲ့တဲ့ Girls’ Generation အဖွဲ့ဝင် (၂) ဦး

– – – သူတို့ရဲ့ ဆက်ဆံရေး ဘယ်လောက်ထိ ခိုင်မြဲပြီး ချစ်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Girls’ Generation အဖွဲ့ဝင် Sooyoung ဟာ သူတို့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ YoonA အတူရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပြီး သူတို့ ၁၅ နှစ်တာ သူငယ်ချင်းဆက်ဆံရေး အတိမ်အနက်ကို ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။

Sooyoung ဟာ သူ့ရဲ့ Instagram မှာ YoonA နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ “၁၅ နှစ်ကြာ ပေါင်းသင်းလာတဲ့ သူငယ်ချင်းနဲ့အတူ စားသောက်ခြင်း”ဆိုတဲ့ Caption ကို ရေးသားခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ Sooyoung နဲ့ YoonA တို့ ဘေးချင်းကပ်ထိုင်ပြီး sandwich စားသောက်နေကြတာပါ။

နောက်ဓာတ်ပုံတစ်ပုံမှာတော့ သူတို့နှစ်ယောက်စလုံး ရယ်မောပြီး ပျော်ရွှင်နေတာကို မြင်တွေ့ရကာ Sooyoung ရဲ့ post မှာ YoonA က “ကျွန်မ ဗိုက်ဆာတယ်လို့ ပြောလိုက်တာနဲ့ ကျွန်မကို စားစရာတွေ ဝယ်ကျွေးတဲ့ အရမ်းကောင်းတဲ့ unni ပေါ့”ဆိုပြီး ရေးသားခဲ့ပါတယ်။

Girls’ Generation အဖွဲ့ဟာ လာမယ့် သြဂုတ်လမှာ အဖွဲ့ ပွဲထွက် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင် (၈) ဦးစလုံး အစုံအလင်နဲ့ Album ထုတ်ဝေဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Source: AKP

You cannot copy content of this page