K pop

■ CELINE After-Party မှာ တိုင်ပတ်ကရင်း ခွီခဲ့ကြတဲ့ V နဲ့ Lisa

– – – သူတို့ဟာ ပွဲပြီးပါတီမှာ အတော်လေးကို ပျော်စရာတွေနဲ့ ….

BTS အဖွဲ့ဝင် V, BLACKPINK အဖွဲ့ဝင် Lisa နဲ့ မင်းသား Park Bo Gum ပါရီမှာ ကျင်းပတဲ့ CELINE ရဲ့ Paris Fashion Show ပွဲကို တက်ရောက်ခဲ့ကြပြီး အဲဒီပွဲမှာ သူတို့ကြားက ချစ်စဖွယ်ဆက်ဆံရေးတွေကို ပရိသတ်တွေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

CELINE ရဲ့ Paris Fashion Show ပွဲအပြီးမှာ ပါတီပွဲ ကျင်းပခဲ့ပြီး အဲဒီပွဲကို သုံးယောက်စလုံး တက်ရောက်ခဲ့ကာ အချိန်တွေကို ပျော်ရွှင်စွာနဲ့ ကုန်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ပါတီပွဲမှာတော့ BTS အဖွဲ့ဝင် V နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ဟာ ပျော်စရာကောင်းတဲ့ တိုင်ပတ်အက စိန်ခေါ်မှုကို ပါဝင်ဆင်နွဲှခဲ့ကြတာပါ။ BLACKPINK အဖွဲ့ဝင် Lisa က အရင်ဆုံး တိုင်ပတ်အက ကဖို့ ကြိုးစားခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကခဲ့ကာ သူ့ကိုယ်သူ သဘောကျကာ ရယ်နေခဲ့တာပါ။

အဲဒီနောက်မှာတော့ BTS အဖွဲ့ဝင် V ကလည်း တိုင်ပတ်အက ကခဲ့တာဖြစ်ပြီး သူ့ကိုယ်သူ သဘောကျကာ ရယ်နေခဲ့သလို၊ ပါတီပွဲတက်သူတွေလည်း သူတို့ရဲ့ တိုင်ပတ်အက စိန်ခေါ်မှုကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ သူတို့ရဲ့ ပျော်စရာ တိုင်ပတ်အက စိန်ခေါ်မှုကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Source: Koreaboo

You cannot copy content of this page