K pop

■ စိတ်အားထက်သန်မှုမရှိတဲ့ဘဝကို မလိုချင်ဘူးလို့ Golden Maknae ပြောဆို

—- BTS အဖွဲ့ဝင်ရဲ့ Golden Maknae လေး Jungkook က သူ့ရဲ့ လက်စွဲဆောင်ပုဒ်က …..

BTS အဖွဲ့ဝင် Jungkook က စိတ်အားထက်သန်မှုမရှိတဲ့ ဘဝကို နေရမယ့်အစား သေသွားတာကမှ ကောင်းဦးမယ်လို့ ပြောလိုက်ပါတယ်။

မကြာသေးခင်က BTS အဖွဲ့ရဲ့ ’77Q 77A’ နာမည်နဲ့ ဗီဒီယိုတစ်ခုဟာ BTS Official YouTube Channel မှာ တင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ BTS အဖွဲ့ဝင် တွေဟာ မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးထားတာဖြစ်ပါတယ်။

အဲဒီမေးခွန်းတွေအားလုံးထဲကမှ တစ်ခုသော မေးခွန်းကတော့ “ မင်းတို့ဘဝရဲ့ လက်စွဲ ဆောင်ပုဒ်က ဘာလဲ… ဘာကြောင့်လဲ” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းကို Jungkook က “ ကျွန်တော့်ရဲ့ လက်စွဲဆောင်ပုဒ်ကတော့ စိတ်အားထက်သန်မှုမရှိတဲ့ ဘဝကို နေရတာထက် သေသွားတာက ကောင်းပါတယ် ဆိုတာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထပ်ပြီးတော့ Jungkook က “ ကျွန်တော်ဟာ ဒီဆောင်ပုဒ်ကို ကိုယ့်ဘာကို ဖန်တီး ထားတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆောင်ပုဒ်နဲ့ အဓိပ္ပါယ်ဟာ ကျွန်တော့်ကို ထိမိစေခဲ့ ပြီး အလွန်နှစ်သက်ပါတယ်။ ဒါကြောင့် ဒီဆောင်ပုဒ်ကို ကျွန်တော် လက်စွဲထားခဲ့တာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page