– – – နာမည်ကျော် အမေရိကန် အမျိုးသမီး Rapper Cardi B က BTS အဖွဲ့မှာ သူ အကြိုက်ဆုံးအဖွဲ့ဝင်ကို …
Cardi B ဟာ နာမည်ကျော် လူမှုကွန်ရက်ဖြစ်တဲ့ Twitter မှာ #AskCardi Q&A session အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ပရိသတ်တွေ သိချင်လို့ မေးမြန်းတဲ့ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
မေးခွန်းတွေထဲမှာ ပရိသတ်တစ်ဦး မေးခဲ့တာကတော့ “BTS အဖွဲ့မှာ ရှင့်ရဲ့ bias က ဘယ်သူလဲ”ဆိုတာ ဖြစ်ပြီး Cardi B ကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ ရှင်းရှင်းလင်းလင်းနဲ့ Jimin ရဲ့ ဓာတ်ပုံကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
Cardi B ဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း အင်တာဗျူးတစ်ခုမှာ သူနဲ့ သူ့သမီးလေး Kulture ဟာ ကိုရီးယား ယဉ်ကျေးမှုကို သဘောကျပြီး BTS အဖွဲ့ရဲ့ ပရိသတ်တွေဖြစ်ကြောင်း ပြောကြားခဲ့ဖူးတာပါ။
သူက “ကျွန်မ BTS ကို အရမ်းနှစ်သက်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ကျွန်မ ပြောချင်တယ်။ ကျွန်မ သမီးလည်း BTS ကို အရမ်းကြိုက်ပြီး သီချင်း ဖွင့်ခိုင်းလေ့ရှိပါတယ်။ ကျွန်မက ကွဲပြားတဲ့လူတွေကို လေ့လာရတာ ကြိုက်ပါတယ်။ သူတို့က ကျွန်မတို့ကို အားပေးသလို ကျွန်မလည်း သူတို့ကို သဘောကျပါတယ်”လို့ ဆိုပါတယ်။
Ref: Soompi