– – – MBC ရုပ်သံရဲ့ “The Manager” မှာ aespa အဖွဲ့ရဲ့ Dorm ကို မြင်တွေ့ခွင့်ရမှာဖြစ်သလို Girls အတွက် ပြင်ဆင်မှုတွေကိုလည်း …
MBC ရုပ်သံက aespa အဖွဲ့ ဧည့်သည်အဖြစ် ပါဝင်ထားတဲ့ “The Manager” Preview ကို ဇူလိုင် ၂ ရက်က ထုတ်ပြခဲ့ပါတယ်။
အဲဒီ Preview မှာ MC Jun Hyun Moo က “aespa အနေနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝကို ပထမဆုံးအကြိမ် ထုတ်ပြမှာ ဖြစ်ပါတယ်”လို့ ကြေညာခဲ့တာပါ။ ဒါ့ပြင် aespa အဖွဲ့ရဲ့ ဈေးဝယ်ထွက်တာတွေ၊ လေ့ကျင့်ခန်း လုပ်တာတွေကို မြင်တွေ့ရမှာပါ။
aespa အဖွဲ့မန်နေဂျာက အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ “သူတို့က အလုပ်တွေကိုရော၊ အခက်အခဲတွေကိုပါ သူတို့ဘာသာ ကိုင်တွယ်သူတွေပါ။ သူတို့ဟာ အရမ်းကို အထောက်အပံ့ကင်းတဲ့သူတွေ ဖြစ်ပါတယ်”လို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့ပြင် အဲဒီ Preview မှာ aespa အဖွဲ့ရဲ့ Mini Album ဖြစ်တဲ့ Girls အတွက် ပြင်ဆင်မှုတွေကိုလည်း “The Manager” မှာ မြင်တွေ့ရမှဖြစ်ပြီး ဇူလိုင် ၉ ရက် ကိုရီးယားစံတော်ချိန် 11:10 p.m. မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ aespa အဖွဲ့ရဲ့ The Manager Preview ကို အောက်က ဗီဒီယိုမှာ မြင်တွေ့နိုင်ပါတယ်။
Ref: Soompi