K pop

■ K-Pop အဖွဲ့တွေထဲမှာ One & Only စံချိန်တစ်ခု ရေးထိုးခဲ့တဲ့ BLACKPINK

– – – BLACKPINK အဖွဲ့ သီချင်းသစ် မထုတ်တာ (၂) နှစ် နီးပါး ရှိလာပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှု အလုံးအထည်မလျော့သေးကြောင့် အခုလည်း K-Pop အဖွဲ့တွေထဲမှာ One & Only စံချိန်တစ်ခုကို တင်ပြီး သက်သေပြခဲ့ပါတယ်။

ဇူလိုင် ၃ ရက် ကိုရီးယားစံတော်ချိန် 4:02 a.m. ဟာ BLACKPINK အဖွဲ့ရဲ့ ၂၀၁၈ ထုတ် “DDU-DU DDU-DU” music video ဟာ YouTube မှာ Views (၁.၉) ဘီလီယံကျော်ခဲ့ပြီး K-pop group music video တွေမှာ အဲဒီမိုင်တိုင်ကို ရရှိတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

K-pop music video တွေထဲမှာ YouTube မှာ Views (၁.၉) ဘီလီယံကျော်တာ ဒီနေ့အချိန်ထိ တစ်ကိုယ်တော်အဆိုတော် PSY ရဲ့ ၂၀၁၂ ထုတ် ဂန္ထဝင်သီချင်း “Gangnam Style” သာရှိပြီး BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” က အဲဒီပမာဏကို ရောက်ရှိတဲ့ ဒုတိယမြောက် K-pop music video ဖြစ်လာခဲ့တာပါ။

BLACKPINK အဖွဲ့ဟာ “DDU-DU DDU-DU” သီချင်းကို ၂၀၁၈ ဇွန်လ ၁၅ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထုတ်ဝေခဲ့တာဖြစ်ပြီး YouTube Views (၁.၉) ဘီလီယံကို ရောက်ဖို့ ၄ နှစ်၊ ၁၇ ရက်နဲ့ ၁၀ နာရီကြာမြင့်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ရဲ့ ၂၀၁၈ ထုတ် “DDU-DU DDU-DU” music video ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Soompi

You cannot copy content of this page