K pop

■ ပင်ပန်းတာတောင် ပင်ပန်းတယ်လို့ ပြောခွင့်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ EXO အဖွဲ့ဝင်

– – – အားလုံး အောင်မြင်ဖို့ ကြိုးစားနေကြချိန်မှာ ကိုယ့်အနေနဲ့ ပင်ပန်းလွန်းလို့ မခံနိုင်လောက်အောင် ဖြစ်နေပေမဲ့ …

နာမည်ကျော် K-Pop အဖွဲ့ EXO ဟာ SM က ပွဲထုတ်တာ ဖြစ်ပေမဲ့ အစပိုင်းမှာ အောင်မြင်မှု ရဖို့အတွက် အတော်လေး ရုန်းကန်ခဲ့ရပြီး အဲဒီတုန်းက အခြေအနေနဲ့ ပတ်သက်လို့ Baekhyun က အခုလို ပြောပြခဲ့ပါတယ်။

Baekhyun က “ကျွန်တော် EXO အဖွဲ့ဝင်အဖြစ် ပွဲထွက်တုန်းက ကျွန်တော့်အနေနဲ့ အရမ်းပင်ပန်းနေပေမဲ့ ဘယ်တော့မှ ပင်ပန်းတယ်လို့ မပြောခဲ့ဘူး။ တစ်နေ့ကို ကျွန်တော် နှစ်နာရီ၊ သုံးနာရီလောက်ပဲ အိပ်ရပြီး အလုပ် လုပ်ရတယ်။ နောက်တစ်နေ့လည်း အဲဒီလိုပဲ။

ကျွန်တော့်အနေနဲ့ ပင်ပန်းတယ်။ မခံနိုင်တော့ဘူးလို့ မပြောတာကြောင့် အဲဒီလိုတွေ ဆက်တိုက် လုပ်ခဲ့ရတယ်။ အဲဒီတုန်းက အောင်မြင်ဖို့ကလည်း ခက်ခဲတော့ ကျွန်တော်တို့ အနည်းဆုံးတော့ ကြိုးစားရမယ်လို့ပဲ တွေးခဲ့တာလေ။ အခုတော့ ကျွန်တော် ပင်ပန်းရင် ပင်ပန်းတယ် ပြောတတ်နေပြီ။ ဆိုးတာကတော့ တစ်ချိန်လုံး ပင်ပန်းတယ်လို့ ကျွန်တော် ပြောနေတာပဲ။

ကျွန်တော် အဆိုတော်ဖြစ်ခါစတုန်းက ပင်ပန်းတာကို ဘာကြောင့် မပြောလဲဆိုတော့ တခြားအဖွဲ့ဝင်တွေကလည်း မပြောကြဘူးလေ။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်ဘာကိုယ် အဲဒီလို လုပ်ရတာကို မုန်းလာတယ်။ အဲဒီတုန်းက ကိုယ့်ကိုယ်ကို အားပေးခဲ့ရလို့ မင်း လုပ်တာ ကောင်းတယ်။ မင်း အလုပ်အရမ်းကြိုးစားတာပဲ ဆိုတဲ့ စကားတွေနဲ့ ဖြေသိမ့်ခဲ့ရပါတယ်။ ကောင်းတော့ မကောင်းပါဘူး။ မနိုင်ဝန်ကို မထမ်းတာ ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

Source: Koreaboo

You cannot copy content of this page