– – – အသက် ၄၀ ကျော်လာပြီဖြစ်ပေမဲ့ Song Hye Kyo ရဲ့ အလှတရားက ဘယ်လောက်ထိ သစ်လွင်နေတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
နာမည်ကျော် ကိုရီးယား မင်းသမီး Song Hye Kyo ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမှာ ကျင်းပတဲ့ ‘Ondes Et Merveilles De Chaumet – New High Jewelry Collection’ ပွဲကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ မပြောင်းလဲတဲ့ အလှကို ပြသခဲ့ပါတယ်။
မင်းသမီးက အဲဒီပွဲကို ‘Chaumet’ ရဲ့ အာရှ-ပစီဖိတ်ဒေသ ambassador အဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပြီး အဲဒီပွဲက ကျက်သရေ ရှိလွန်းတဲ့ Song Hye Kyo ရဲ့ အလှဟာ ပွဲလာသူတွေကိုသာမက ကိုရီးယား Netizens တွေရဲ့ နှလုံးသားကိုပါ ဖမ်းစားနိုင်ခဲ့တာပါ။
Netizens တွေက “သူ့ရဲ့ အလှကတော့ တကယ့်ဂန္ထဝင်ပါပဲ”, “သူက အလှနတ်ဘုရားမပါ”, “Song Hye Kyo ရဲ့ အလှက စကားလုံးနဲ့ ဖော်ပြဖို့ မစွမ်းသာဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီပုံတွေကတော့ ဘယ်လိုတောင် ပြောရမှန်းမသိဘူး”,
“အချိန်ကာလနဲ့ တိုက်ပွဲမှာ သူနိုင်တယ်။ တစ်စက်လေးမှာ အရွယ်ကျတာမျိုး မရှိဘူး”, “သူကို သိရတာ ကြာပါပြီ။ ဒါပေမဲ့ အခုဒီပွဲမှာလောက် ကျက်သရေရှိပြီး လှနေတာမျိုးတော့ မတွေ့ဖူးသေးဘူးရယ်”, “ဝိတ်ပိုကျသွားပုံပါပဲ။ ဒါပေမဲ့ သူက အမြဲတမ်း လှနေတာပါ”စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
2
3
4
5
6
Source: AKP