– – – ရင်သားကို ဖော်လွန်းသလို၊ အောက်က စကတ်ကလည်း တိုလွန်းတာကြောင့် သတိပေးခဲ့တဲ့ ပရိသတ်ကို (G)I-DLE အဖွဲ့ဝင် Yuqi တုံ့ပြန်ထားပုံက …
(G)I-DLE အဖွဲ့ဝင် Yuqi ဟာ Weibo မှာ သူ့ရဲ့ အလန်းစားပုံတွေကို တင်ခဲ့ပြီး ပရိသတ်အများစုရဲ့ ကြိုက်နှစ်သက်ခြင်းနဲ့ ချီးကျူးခြင်းခံခဲ့ရပေမဲ့ ပရိသတ်တစ်ယောက်တော့ Yuqi ရဲ့ အဝတ်အစားတွေဟာ ဖော်လွန်းတယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီပရိသတ်တွေက “ပုံတွေက အရမ်းလှပါတယ်။ ဒါပေမဲ့ တချို့ပုံတွေက ဖော်လွန်းနေတယ်။ ကိုယ်တွေ အနားမှာ မရှိတုန်းက ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ လူတွေဟာ နှာဘူးစိတ်နဲ့ ကြည့်နေကြတာမို့ စိုးရိမ်တယ် Hehe”ဆိုပြီး ရေးသားခဲ့တာပါ။
့ပရိသတ်ရဲ့ အဲဒီ Comment ကို Yuqi က “မဟုတ်ပါဘူး။ ဒါက မကောင်းမြင်လွန်းတယ်လို့ ထင်တယ်။ ကောင်မလေးတစ်ယောက်က စကတ်တိုလေး ဝတ်ရုံက ဖော်တယ်လို့ မဆိုလိုပါဘူး။
ပြီးတော့ ရင်ဘတ်ကို အနည်းငယ်မြင်ရတာလည်း ဖော်တာ မဟုတ်ပါဘူး။ တကယ်လို့ ဖော်တယ်ဆိုရင်တောင် အဲဒီလိုအတွေးမျိုးတွေ တွေးလို့ မရဘူးလေ”လို့ ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source: AKP