K pop

■ EXO အဖွဲ့ဝင် (၂) ဦးနဲ့ Lee Kwang Soo ကို ကျေးဇူးတင်လိုက်တဲ့ Sehun

– – – သူတို့ရဲ့ အားပေးထောက်ပံ့မှုနဲ့ Sehun ရဲ့ ကျေးဇူးတုံ့ပြန်မှုကတော့ တကယ်ကို လိုက်ဖက်လွန်းတာပါ။

EXO အဖွဲ့ဝင် Sehun ဟာ လက်ရှိမှာ TVING ရဲ့ romance drama တစ်ခုဖြစ်တဲ့ “All That We Loved” လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။ သူ့ကို EXO အဖွဲ့ဝင်တွေနဲ့ များစွာသော နာမည်ကျော်တွေက အတော်လေးကို ထောက်ပံ့နေကြတာပါ။

Sehun ဟာ သူ့ရဲ့ Instagram Stories မှာ ရိုက်ကွင်းကို Chanyeol ပေးပို့ခဲ့တဲ့ coffee truck နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဝေမျှကာ Chanyeol ကို tag တွဲကာ “My Chanyeol hyung” ဆိုတဲ့ စာသားနဲ့အတူ အသည်းပုံ Emoji ကိုပါ ဝေမျှခဲ့တာ ဖြစ်ပါတယ်။

Sehun ဟာ အဲဒီမတိုင်ခင်ကလည်း Suho နဲ့ Lee Kwang Soo တို့ သူ့ရဲ့ ရိုက်ကွင်းကို ပေးပို့ခဲ့တဲ့ coffee trucks တွေနဲ့အတူ ပုံတွေနဲ့ သူတို့ကို ကျေးဇူးတင်ကြောင်း တင်ခဲ့တာပါ။ Sehun နဲ့ Lee Kwang Soo တို့ဟာ variety show ဖြစ်တဲ့ “Busted!” နဲ့ “The Pirates: Goblin Flag” ရုပ်ရှင်တွေမှာ အတူတူတွဲဖက် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

“All That We Loved” က အထက်တန်းကျောင်းသားတွေရဲ့ အချစ်ဇာတ်လမ်းတွဲဖြစ်ပြီး ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source: Soompi

You cannot copy content of this page