K pop

■ Jungkook နဲ့ ရိုက်ကူးထားတဲ့ “Left And Right” MV က BL ကို ကိုယ်စားပြုတယ်လို့ Charlie Puth အတည်ပြု

– – – Charlie Puth နဲ့ BTS Jungkook တို့ရဲ့ အဲဒီ MV က ကာရိုက်တာတွေဟာ ေn:တွေဖြစ်တယ်လို့ …

အမေရိကန် အဆိုတော်နဲ့ တေးရေးဆရာ Charlie Puth က သူနဲ့ BTS Jungkook တို့ collaboration လုပ်ထားတဲ့ “Left and Right” music video ဟာ BL (Boy Love) ဆက်ဆံရေးကို ကိုယ်စားပြုတယ်လို့ အတည်ပြုခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ collab single “Left and Right” music video ကို ဇွန်လကုန်ပိုင်းက ထုတ်ဝေခဲ့ပြီး music video က ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပါ။ music video မှာ Charlie Puth က သူ့အနေနဲ့ တစ်ယောက်ယောက်ကို ခေါင်းက ထုတ်ဖို့ ခက်နေတယ်ဆိုတဲ့ ပုံစံမျိုး ရိုက်ကူးထားတာာပါ။

အဲဒီ music video မှာ ပါတဲ့ တခြားတစ်ယောက်က Jungkook ဖြစ်လို့ ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို music video မှာ ပုံဖော်ထားတာလားလို့ ထင်မြင်ခဲ့ကြတာပါ။ ပရိသတ်တွေရဲ့ အဲဒီထင်မြင်ချက်ဟာ မှန်ကန်ကြောင်း Charlie Puth က အတည်ပြုခဲ့ပါတယ်။

Charlie Puth ဟာ သူတို့ MV ရဲ့ YouTube comment section မှာ ေn:ကာရိုက်တာနဲ့ BL အကြောင်းကို အလေးပေးဖော်ပြထားတဲ့ Comment ကို သူ့ရဲ့ Instagram Stories မှာ တင်ခဲ့ပြီး ဟုတ်မှန်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source: @charlieputh

You cannot copy content of this page