Celebrity

■ Ahn Jae-hyun နဲ့ ကွာရှင်းပြီးနောက် ပျောက်နေတဲ့ F4 မင်းသမီး ပြန်လာမယ်

– – – ၂၀၁၆ မှာ လက်ထပ်ခဲ့တဲ့ မင်းသား Ahn Jae-hyun နဲ့ကွာရှင်းပြီးနောက် အနုပညာလောကက အနားယူနေတဲ့ F4 မင်းသမီးက …

F4 မင်းသမီးအဖြစ် လူသိများတဲ့ Goo Hye Sun က သူ့အနေနဲ့ ဇာတ်လမ်းတွဲသစ်နဲ့ အနုပညာလောက ပြန်ဝင်လာဖို့ အသင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

Mag&Zina မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ Goo Hye Sun က အနုပညာလောကကို တစ်ကျော့ပြန်ဝင်လာမယ့် အစီအစဉ်ကို ပြောပြခဲ့တာဖြစ်ပြီး သူ့ကို ဒီနေ့အထိ အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တာပါ။

Goo Hye Sun က “ကျွန်မရဲ့ အနုပညာသက်တမ်း နှစ် ၂၀ ပြည့်ကို ဆင်နွဲှပေးခဲ့ကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ ဇာတ်လမ်းတွဲသစ်နဲ့ ပြန်လာဖို့ လက်ရှိမှာ စီစဉ်နေပါတယ်။ ကျွန်မအနေနဲ့ အဆင်ပြေမယ့် ဇာတ်ကောင်ကို ရွေးချယ်နေတာကြောင့် အချိန်တော့ ယူရမှာပါ”လို့ ဆိုပါတယ်။

Goo Hye Sun ဟာ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ မင်းသား Ahn Jae-hyun နဲ့ ညှိနှိုင်းမရတဲ့ ပြဿနာတွေကြောင့် ၂၀၁၉ စက်တင်ဘာမှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။

Ref: Allkpop

You cannot copy content of this page