K pop

■ Y Magazine ဓာတ်ပုံတွေကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ (G)I-DLE အဖွဲ့ဝင်

– – – Underboobs က ပြဿနာမရှိပေမဲ့ ဘောင်းဘီဒီဇိုင်းကတော့ Netizens တွေ လက်မခံနိုင်လောက်အောင်ကို ဆိုးရွားနေတာပါ …

(G)I-DLE အဖွဲ့ခေါင်းဆောင် Soyeon ဟာ ဇူလိုင်လထုတ် ‘Y Magazine’ က ဓာတ်ပုံတွေအတွက် Netizens တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ‘Metaverse’ concept နဲ့ ရိုက်ကူးထားတဲ့ (G)I-DLE အဖွဲ့ဝင်ရဲ့ ဝတ်စုံကို ပြဿနာတွေကို ဖြစ်စေတာပါ။

ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက်မှာ ပထမဆုံးအနေနဲ့ Netizens တွေက Soyeon ရဲ့ “underboob” fashion trend ကို စတင်ပြောဆိုခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဘောင်းဘီဒီဇိုင်းက သူတို့အကြား ရေပန်းစားခဲ့တာပါ။

Soyeon ရဲ့ ဓတ်ပုံတွေနဲ့ ပတ်သက်လို့ Netizens တွေက “ဘောင်းဘီကလည်း.. WTF.”၊ “ဘာကြီးတုန်းဟာ … အတွင်းခံလား”၊ “အပေါ်ပိုင်းကို ကြည့်ပြီးတော့ သိပ်မဆိုးပါဘူးလို့ ထင်နေတာ။ အောက်ပိုင်းလည်း ကြည့်လိုက်ရော …”

“ဘောင်းဘီကြီးကလည်း ဆာလိုက်တာ”၊ “ဘာလို့ ဒါမျိုးဝတ်ရတာလဲ”၊ “ဒါကြောင့် ‘Y Magazine’ လို့ ခေါ်တာ ထင်တယ်”၊ “ဒါမျိုးတွေ မဝတ်ကြပါနဲ့။ တော်တော်လေးကို ဆိုးတာပါ”၊ “ဘာကြောင့် ဒါမျိုးတွေ ဝတ်ချင်ရတာလဲ”၊ “ဒီလိုမျိုးတော့ မဆင်ကြလေဟယ်” စသဖြင့် မှတ်ချက်တွေ ရေးခဲ့ကြတာပါ။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page