K pop

■ BLACKPINK တစ်ပတ်တာစံချိန်ကို တစ်ရက်တည်းနဲ့ ကျော်ဖြတ်ခဲ့တဲ့ aespa

– – – aespa အဖွဲ့က နာမည်ကျော် BLACKPINK အဖွဲ့ရဲ့ တစ်ပတ်တာစံချိန်ကို တစ်ရက်တည်းနဲ့ ကျော်ဖြတ်ခဲ့ပြီး အမျိုးသမီး K-Pop အဖွဲ့သမိုင်းမှာ …

aespa အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် album ‘Girls’ နဲ့ စံချိန်တွေ ရိုက်ချိုးခဲ့ပါတယ်။ Hanteo chart ရဲ့ ထုတ်ပြန်ချက်အရ ‘Girls’ ဟာ စထုတ်တဲ့ ပထမဆုံးရက်မှာတင် အချပ်ရေ 806,891 အထိ ရောင်းချခဲ့ရပြီး အမျိုးသမီး K-Pop အဖွဲ့သမိုင်းမှာ ပထမရက်နဲ့ ပထမဆုံးတစ်ပတ်အတွင်း ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။

aespa အဖွဲ့ရဲ့ ‘Girls’ ဟာ သူတို့အဖွဲ့သမိုင်းတစ်လျှောက် best-selling first-day sales အဖြစ်သာမက အမျိုးသမီး K-Pop အဖွဲ့သမိုင်းမှာပါ best-selling album အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

အရင်တုန်းက Hanteo chart မှာ ပထမနေ့ အရောင်းရဆုံးအမျိုးသမီးအဖွဲ့အဖြစ် BLACKPINK ရဲ့ ‘THE ALBUM’ က အချပ်ရေ 589,310 နဲ့ စံချိန်တင်ထားပြီး အခု aespa ရဲ့ ‘Girls’ က အချပ်ရေ 806,891 နဲ့ ရိုက်ချိုးခဲ့တာပါ။

ပြီးတော့ aespa ရဲ့ ‘Girls’ ဟာ Hanteo chart သမိုင်းမှာ တစ်ပတ်တာအတွင်း ရောင်းအားအကောင်းဆုံး အမျိုးသမီးအဖွဲ့အဖြစ် BLACKPINK ရဲ့ ‘THE ALBUM’ (689,066) ကို ကျော်ပြီး ပထမဆုံးတစ်ရက်တည်းနဲ့တင် စံချိန်သစ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Source: AKP

 

-Zawgyi

■ BLACKPINK တစ္ပတ္တာစံခ်ိန္ကုိ တစ္ရက္တည္းနဲ႔ ေက်ာ္ျဖတ္ခဲ့တဲ့ aespa

u

– – – aespa အဖဲြ႕က နာမည္ေက်ာ္ BLACKPINK အဖဲြ႕ရဲ႕ တစ္ပတ္တာစံခ်ိန္ကုိ တစ္ရက္တည္းနဲ႔ ေက်ာ္ျဖတ္ခဲ့ၿပီး အမ်ဳိးသမီး K-Pop အဖဲြ႕သမုိင္းမွာ …

aespa အဖဲြ႕ဟာ သူတုိ႔ရဲ႕ ေနာက္ဆုံးထုတ္ album ‘Girls’ နဲ႔ စံခ်ိန္ေတြ ႐ုိက္ခ်ဳိးခဲ့ပါတယ္။ Hanteo chart ရဲ႕ ထုတ္ျပန္ခ်က္အရ ‘Girls’ ဟာ စထုတ္တဲ့ ပထမဆုံးရက္မွာတင္ အခ်ပ္ေရ 806,891 အထိ ေရာင္းခ်ခဲ့ရၿပီး အမ်ဳိးသမီး K-Pop အဖဲြ႕သမုိင္းမွာ ပထမရက္နဲ႔ ပထမဆုံးတစ္ပတ္အတြင္း ေရာင္းအားအေကာင္းဆုံးအျဖစ္ စံခ်ိန္တင္ခဲ့တာပါ။

aespa အဖဲြ႕ရဲ႕ ‘Girls’ ဟာ သူတုိ႔အဖဲြ႕သမုိင္းတစ္ေလွ်ာက္ best-selling first-day sales အျဖစ္သာမက အမ်ဳိးသမီး K-Pop အဖဲြ႕သမုိင္းမွာပါ best-selling album အျဖစ္ မွတ္တမ္း၀င္ခဲ့တာပါ။

အရင္တုန္းက Hanteo chart မွာ ပထမေန႔ အေရာင္းရဆုံးအမ်ဳိးသမီးအဖဲြ႕အျဖစ္ BLACKPINK ရဲ႕ ‘THE ALBUM’ က အခ်ပ္ေရ 589,310 နဲ႔ စံခ်ိန္တင္ထားၿပီး အခု aespa ရဲ႕ ‘Girls’ က အခ်ပ္ေရ 806,891 နဲ႔ ႐ုိက္ခ်ဳိးခဲ့တာပါ။

ၿပီးေတာ့ aespa ရဲ႕ ‘Girls’ ဟာ Hanteo chart သမုိင္းမွာ တစ္ပတ္တာအတြင္း ေရာင္းအားအေကာင္းဆုံး အမ်ဳိးသမီးအဖဲြ႕အျဖစ္ BLACKPINK ရဲ႕ ‘THE ALBUM’ (689,066) ကုိ ေက်ာ္ၿပီး ပထမဆုံးတစ္ရက္တည္းနဲ႔တင္ စံခ်ိန္သစ္ ေရးထုိးခဲ့တာ ျဖစ္ပါတယ္။

Source: AKP

You cannot copy content of this page