K pop
■ ဒီဇင်ဘာရောက်ပြီဆိုတာနဲ့ Netizens တွေကြား ရေပန်းစားတတ်တဲ့ IU ရဲ့ သီချင်းတစ်ပုဒ်
-UNICODE
– – -ဒီဇင်ဘာကို ရောက်ပြီဆိုရင် ဒီသီချင်းကို Netizen တွေက အမြဲတမ်း အမှတ်တရရှိကြပြီး…..
ဒီဇင်ဘာဟာ နှစ်တစ်နှစ်ရဲ့ အဆုံးအဖြတ် ဖြစ်တာနဲ့အညီ အားလုံးအတွက် အမှတ်ရစရာကောင်းတဲ့လတစ်လပါ။
ခရစ္စမတ်ပွဲတော်ရှိနေတဲ့ ဒီဇင်ဘာလမှာ အထူးသဖြင့် ခရစ္စမတ်သီချင်းတွေက ရေပန်းစားတတ်ပါတယ်။ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့သီချင်း၊ ခရစ္စမတ်သီချင်းတွေက ဒီဇင်ဘာလကို ကိုယ်စားပြုတဲ့သီချင်းတွေဆိုရင်လည်း မမှားပါဘူး။
ဒါကြောင့် ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ Netizens တွေကြားမှာ ရေပန်းစားလေ့ရှိတဲ့ IU ရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ ဒါကတော့ တခြားမဟုတ်ဘဲ Merry Christmas in Advance ပါ။ ဒီသီချင်းကို ၂၀၁၀ ခုနှစ်စ ထုတ်လွှင့်တာဖြစ်လို့ ဆယ်စုနှစ်တစ်ခုတိုင်ကြာခဲ့ပါပြီ။
ဒါပေမဲ့ IU ရဲ့ အဲဒီသီချင်းဟာ ဒီဇင်ဘာလရောက်တိုင်း Netizen တွေကြားမှာ ရေပန်းစားနေဆဲပါ။ Melon, genie တို့အပါအဝင် ကိုရီးယား Music Chart တွေမှာလည်း Merry Christmas in Advance သီချင်းက ဒီဇင်ဘာလရောက်တိုင်း ထိပ်ပိုင်းနေရာကို ပြန်လည်တက်လှမ်းလေ့ရှိပါတယ်။
ဒါကြောင့် Merry Christmas in Advance ဟာ ဒီဇင်ဘာလနဲ့ အလိုက်ဖက်ဆုံးသီချင်းဖြစ်တယ်လို့ ဆိုရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page