– – – The Weeknd ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ The Idol ဆိုတဲ့ ဇာတ်လမ်းတွဲ Trailer မှာ …
BLACKPINK အဖွဲ့ဝင် Jennie ဟာ HBO ဇာတ်လမ်းတွဲဖြစ်တဲ့ ‘The Idol’ ရဲ့ Trailer ပါဝင်လာပြီးနောက် အဲဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အဖြစ် မြင်တွေ့ရတော့မှာပါ။ အဲဒီဇာတ်လမ်းတွဲကို The Weeknd, Sam Levinson နဲ့ Reza Fahim တို့က ဖန်တီးထားတာပါ။
‘The Idol’ ဇာတ်လမ်းတွဲက နာမည်ကျော် အမျိုးသမီး ပေါ့ပ်အဆိုတော်တစ်ဦးဟာ အယ်လ်အေက ကလပ်တစ်ခုရဲ့ ပိုင်ရှင်နဲ့ ချစ်ကြိုက်မိပြီး အဲဒီပိုင်ရှင်က လျှို့ဝှက်ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်နေတာကို ပုံဖော်ထားတာပါ။
အဲဒီဇာတ်လမ်းတွဲမှာ ကမ္ဘာကျော်အဆိုတော် The Weeknd ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Lily-Rose Depp, Troye Sivan နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတာ ဖြစ်ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ Jennie ဟာ အဲဒီဇာတ်လမ်းတွဲမှာ ဧည့်သည်အဖြစ် ပါဝင်တာလို့ ဖော်ပြနေပေမဲ့ HBO ကတော့ Cast အနေနဲ့ ဖော်ပြထားတာပါ။ BLACKPINK အဖွဲ့ဝင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က The Weeknd နဲ့အတူ ညစာစားခဲ့ပြီးနောက် သူတို့အကြား collaboration လုပ်မယ်ဆိုတဲ့ ကောလာလဟတွေလည်း ပျံ့နှံ့ခဲ့တာပါ။
လက်ရှိမှာတော့ ‘The Idol’ ဇာတ်လမ်းတွဲကို အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်က လော့စ်အိန်ဂျယ်လိစ်မြို့မှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။
Source: Soompi