K pop

■ သြဂုတ်လ Comeback ကို အတည်ပြုလိုက်တဲ့ IVE

– – – အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရရှိထားတဲ့ IVE အဖွဲ့ဟာ …

IVE အဖွဲ့အနေနဲ့ သြဂုတ်လမှာ Comeback ပြုလုပ်မယ်လို့ Asia Today က ဖော်ပြပြီးနောက်မှာတော့ IVE အဖွဲ့ရဲ့ Starship Entertainment က အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Starship Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “IVE အဖွဲ့ဟာ သြဂုတ်လမှာ Comeback ပြုလုပ်ဖို့ ရည်မှန်းထားပြီး အဲဒီအတွက် အလုပ်တွေကြိုးစားကာ သီချင်းသစ်တွေအတွက် အစွမ်းကုန် ပြင်ဆင်နေပါတယ်”လို့ ဖော်ပြပါရှိပါတယ်။

IVE အဖွဲ့ဟာ ၂၀၂၁ ဒီဇင်ဘာမှာ “ELEVEN” သီချင်းနဲ့ ပွဲထုတ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလကတော့ “LOVE DIVE” သီချင်းနဲ့ Comeback ပြုလုပ်ထားပါတယ်။ အခု Comeback ကတော့ ၄ လအကြာမှာ IVE အဖွဲ့ရဲ့ Comeback ဖြစ်လာမှာပါ။

Source: Soompi

 

-Zawgyi






Source: Soompi

You cannot copy content of this page