K pop

■ Elvis Presley ရဲ့ ဂန္ထဝင်သီချင်းကို Cover လုပ်ခဲ့တဲ့ King of K-Pop

– – – ဂန္ထဝင်အဆိုတော်ကြီးရဲ့ ဂန္ထဝင်သီချင်းကို G-Dragon က သူ့ရဲ့ပုံစံအတိုင်း Cover လုပ်ထားတာ ဖြစ်ပြီး …

King of K-Pop ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ကမ္ဘာကျော် ဂန္ထဝင်အဆိုတော် Elvis Presley ရဲ့ ဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Can’t Help Falling in Love With You’ သီချင်းကို Cover လုပ်ကာ သူ့ရဲ့ You Tube Channel တင်ခဲ့တာပါ။

K-Pop စူပါစတားဟာ အစောပိုင်းမှာ အဲဒီသီချင်းကို ပီယာနိုသံနဲ့အတူ ballad version ပုံစံသီဆိုခဲ့ပေမဲ့ သီချင်းအလယ်ပိုင်းမှာတော့ frenetic rock ballad ပုံစံနဲ့ သီချင်းကိုပါ rearranged လုပ်ကာ သီဆိုခဲ့တာ ဖြစ်ပါတယ်။

‘Crooked’ လို တစ်ကိုယ်တော် သီချင်းကို သီဆိုထားတဲ့ G-Dragon အနေနဲ့ ‘Can’t Help Falling in Love With You’ သီချင်းကို အခုလို အလန်းစား rearranged လုပ်ပြီး သီဆိုတာ သိပ်တော့ အဆန်းမဟုတ်ဘူးလို့ ပရိသတ်တွေ မှတ်ချက် ပြုခဲ့ပါတယ်။

G-Dragon ဟာ အဲဒီသီချင်း Cover Version ကို သူ့ရဲ့ YouTube channel မှာပဲ တင်ခဲ့တာဖြစ်ပြီး ဗီဒီယို ဖန်တီးထားတာကလည်း မိုက်ပါတယ်။ Elvis Presley ရဲ့ ‘Can’t Help Falling in Love With You’ သီချင်းကို Cover လုပ်ထားတဲ့ G-Dragon ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Source: AKP

You cannot copy content of this page