K Drama

■ ၁၉ နှစ်အကြာမှာ အရမ်းလှလာတဲ့ Son Ye Jin ရဲ့ သမီးလေး

– – – ဂန္ထဝင်ဇာတ်ကားဖြစ်တဲ့ The Classic မှာ Son Ye Jin ရဲ့ သမီးလေးဟာ ၁၉ နှစ်အကြာမှာတော့ …

The Classic ဇာတ်ကားဟာ ကိုရီးယားရုပ်ရှင်သမိုင်းမှာ ဂန္ထဝင်မြောက်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး မင်းသမီး Son Ye Jin ကို A-list star ဖြစ်စေခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ် ပွဲထွက်ပြီး ၂ နှစ်အကြာမှာ Son Ye Jin ဟာ အဲဒီဇာတ်ကားနဲ့ အရမ်းကို ပေါက်ခဲ့တာပါ။

အဲဒီဇာတ်ကားက အမေနဲ့ သမီးဖြစ်တဲ့ Joo Hye နဲ့ Ji Hye တို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန် အချစ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Son Ye Jin ဟာ နှစ်ကိုယ်ခွဲအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ အဲဒီဇာတ်ကားမှာ Son Ye Jin ရဲ့ သမီးလေးအဖြစ် ငယ်ဘဝသရုပ်ဆောင်သူက Park So Eun ဖြစ်ပါတယ်။

အဲဒီတုန်းက Park So Eun ဟာ အသက် ၇ နှစ်ပဲ ရှိသေးတာပါ။ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ အဲဒီဇာတ်ကားဟာ ယနေ့တိုင် ကြည့်ရှုသူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ဆဲဖြစ်ပေမဲ့ အဲဒီထဲမှာ ပါဝင်ခဲ့တဲ့ Park So Eun ကတော့ အခုဆို ၂၆ နှစ်တောင် ရှိနေပါပြီ။

Park So Eun ဟာ The Classic ပြီးနောက် တခြားဇတ်ကားတွေမှာလည်း ပါဝင်ခဲ့ပြီး ၂၀၀၅ ကနေ ၂၀၁၂ အထိမှာတော့ စာလေ့လာဖို့အတွက် သရုပ်ဆောင်အလုပ်တွေကို ရပ်နားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Park So Eun ဟာ သရုပ်ဆောင်လောကကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။

ကိုရီးယားအင်တာနက်အသုံးပြုသူတွေကတော့ အပျိုကြီးဖြစ်လာတဲ့ Park So Eun ကို ကြည့်ပြီး အံ့သြနေကြကာ သူ ခေါင်းဆောင်မင်းသမီးဖြစ်လာမယ့်အချိန်ကို မျှော်လင့်နေကြတယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

Source: KBZ

You cannot copy content of this page