K pop

■ SEOUL FESTA 2022 မှာ Psy၊ Rain အပါအဝင် ဖျော်ဖြေမယ့်သူများ

– – – SEOUL FESTA 2022 မှာ ကမ္ဘာကျော်တွေဖြစ်တဲ့ Psy၊ Rain တို့အပါအဝင် နာမည်ကျော်တော်တော်များများ ဖျော်ဖြေမှာဖြစ်ပြီး …

ကိုရီးယားကို နိုင်ငံခြားသားခရီးသွားတွေ လာရောက်ဖို့အတွက် ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ Metropolitan Government က ကြီးမှူးကျင်းပမယ့် SEOUL FESTA 2022 မှာ ပါဝင်ဖျော်ဖြေမယ့် အဆိုတော်တွေစာရင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

SEOUL FESTA 2022 ရဲ့ ကြေညာချက်အရ အဲဒီပွဲမှာ Psy, Rain, The Boyz, LE SSERAFIM, Stray Kids, NMIXX, NCT Dream, Forestella, Bizzy, Yoon Mi-rae, Tiger JK, Weki Meki, ENHYPEN, VERIVERY နဲ့ Nature တို့ ဖျော်ဖြေမှာ ဖြစ်ပြီး မိနစ် ၁၂၀ ကြာမြင့်မယ်လို့ သိရပါတယ်။

အဲဒီ SEOUL FESTA 2022 မှာ ASTRO အဖွဲ့ဝင်တွေဖြစ်တဲ့ Cha Eun Woo နဲ့ Kim Se Jung တို့က Host အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဆိုးလ်က Jamsil Sports Complex မှာ သြဂုတ်လ ၁၀ ရက်နေ့ ကျင်းမှာဖြစ်ပြီး KBS World က ၁၁၈ နိုင်ငံအထိ Live ထုတ်လွှင့်ပြသွားမှာ ဖြစ်ပါတယ်။

Source: AKP

You cannot copy content of this page