Celebrity

■ Han So Hee ရဲ့ လေဆိပ်ဖက်ရှင်ကို ပရိသတ်တွေ ကြွေ

– – – ဆန်းဆန်းပြားပြားတွေထက် ရိုးရိုးရှင်းရှင်းလေးတွေက ပိုပြီးဆန်းတယ်ဆိုတာကို Han So Hee သက်သေလိုက်တာလို့ ဆိုရမှာပါ။

ခုတလော ကိုရီယားအွန်လိုင်းကွန်မြူနတီတွေမှာ Han So Hee ရဲ့ ပုံရိပ်တွေ လွှမ်းမိုးနေပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက် ထွက်ခွာဖို့ အင်ချွန်းလေဆိပ်ကို ဆင်းလာတဲ့ Han So Hee ရဲ့ ပုံတွေက ကိုရီယားတွေရဲ့ အာရုံကို ဆွဲဆောင်ထားတာပါ။

အင်ချွန်းလေဆိပ်ကို ရောက်လာတဲ့ Han So Hee ဟာ ဝတ်ဆင်ထားတာက တကယ်ကို ရိုးရိုးလေးပါ။ တီရှပ်ကို ဂျင်းဘောင်းဘီအပွနဲ့ တွဲဝတ်ထားတာဖြစ်ပြီး သတင်းလာယူတဲ့ သတင်းထောက်တွေနဲ့ ပရိသတ်တွေကို လှလှလေးပြုံးကာ ဓာတ်ပုံအရိုက်ခံရတာကြောင့် ပိုပြီးဆွဲဆောင်မှု ရှိခဲ့တာပါ။

Han So Hee ရဲ့ အင်ချွန်းလေဆိပ်က ဓာတ်ပုံတွေကို မြင်ပြီးနောက်မှာတော့ Netizens တွေက “လှနိုင်လိုက်တာ။ သူ့ရဲ့ ဘယ်သူနဲ့မှ မတူတဲ့ aura က ပြိုင်ဘက်ကင်းပဲ”၊ “Selena Gomez နဲ့တောင် တူနေသလိုပဲ”

“idols တွေထဲမှာ Jennie၊ မင်းသမီးတွေထဲမှာတော့ Han So Hee ပဲ”၊ “ဒီဆံပင်နဲ့ Han So Hee နဲ့ အလိုက်ဆုံးပဲ”၊ “လှလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး”၊ “ထင်ထားတဲ့အတိုင်းပါပဲ။ မင်းသမီးတွေက သူများနဲ့ တူကို မတူဘူး” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

Source: AKP

You cannot copy content of this page