K pop

■ ပရိသတ်တွေရဲ့ LED billboard ကြော်ငြာမှာ စာလုံးပေါင်းမှားလို့ J-Hope ဘဝပြောင်းခဲ့ရ

– – – စာလုံးလေးတစ်လုံးကျန်တာက J-Hope ရဲ့ ဘဝကို ပြောင်းပြန်လှန်လောက်အောင် ဖြစ်သွားစေခဲ့ပြီး ငွေကုန်ကြေးကျခံတဲ့ပရိသတ်တွေလည်း မျက်နှာမရဘဲ စိတ်ပျက်စရာ …

BTS အဖွဲ့ဝင် J-Hope ရဲ့ ပထမဆုံး studio album ဖြစ်တဲ့ “Jack In The Box” ထုတ်ဝေမှုကို ပရိုမိုးရှင်းလုပ်ပေးတဲ့ ပရိသတ်တွေရဲ့ LED billboard ကြော်ငြာမှာ စကားလုံးမှားလို့ စိတ်ပျက်စရာ ဖြစ်ခဲ့သလို၊ J-Hope အတွက်လည်း နာမည်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ကိုရီယားက ပရိသတ်တွေဟာ J-Hope ရဲ့ “Jack In The Box” ထုတ်ဝေမှုကို ပရိုမိုးရှင်း လုပ်တဲ့အနေနဲ့ ငွေကုန်ကြေးကျခံကာ ဆိုးလ်က Samseong-dong မှာ electronic billboard ကြော်ငြာ လုပ်ပေးခဲ့ပေမဲ့ စာလုံးပေါင်အမှားတစ်ခုကြောင့် အခြေအနေဆိုးသွားခဲ့တာပါ။

အဲဒီ electronic billboard ကြော်ငြာမှာ J-Hope ကို သူ့ရဲ့ အဆိုတော်အမျိုးအစားဖြစ်တဲ့ rapper လို့ ဖော်ပြရာမှာ p တစ်လုံးကျန်ပြီး “raper” လို့ ဖြစ်ခဲ့တာပါ။ “raper” ဆိုတဲ့ စာလုံးကတော့ ရှင်းစရာမလိုအောင် အဓိပ္ပာယ်ပြောင်းသွားတာကို မြင်တွေ့ရမှာပါ။

Samseong-dong က J-Hope ရဲ့ အဲဒီကြော်ငြာမှာ ကိုရီးယားအွန်လိုင်းကွန်မြူနတီတွေမှာ ပြောစရာဖြစ်ခဲ့ပြီး မုန့်ဖိုးလေးတွေစုပြီး ကုန်ကျခံကြော်ငြာပေးတဲ့ ပရိသတ်တွေကိုလည်း အပြစ်တင်ဖို့ ခက်တာမို့ ဒီအမှားက ရယ်အားထက် ငိုအားသန် ဖြစ်ရပ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

Source: AKP

You cannot copy content of this page