– – – မင်းသမီး Jennie ကို မြင်တွေ့ရတော့မယ့် အကြောင်းနဲ့ ပတ်သက်လို့ Jennie ဘာတွေ ပြောထားပါသလဲ။ ဘာလို့ အမေရိကန်စီးရီးမှာ ပါလို့ ဆုံးဖြတ်ခဲ့တာလဲ။
YG Entertainment က HBO ရုပ်သံရဲ့ အမေရိကန်ဇာတ်လမ်းတွဲ ‘The Idol’ မှာ BLACKPINK အဖွဲ့ဝင် Jennie သရုပ်ဆောင်အဖြစ် ပါဝင်ခြင်းနဲ့ ပတ်သက်လို့ သူ့ကိုယ်စား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
HBO ရုပ်သံရဲ့ အမေရိကန်ဇာတ်လမ်းတွဲ ‘The Idol’ ကို ကမ္ဘာကျော် အမေရိကန်အဆိုတော် “The Weeknd” က ထုတ်လုပ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသလို Lily-Rose Depp, Troye Sivan, Tunde Adebimpe နဲ့ သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
Hollywood pop star တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်း၊ ရုန်းကန်ရမှုနဲ့ ဂီတလောကမှာ ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲတွေအကြောင်း HBO ရုပ်သံရဲ့ အမေရိကန်ဇာတ်လမ်းတွဲ ‘The Idol’ မှာ ခံစားနိုင်မှာပါ။
HBO ရုပ်သံရဲ့ အမေရိကန်ဇာတ်လမ်းတွဲ ‘The Idol’ မှာ ပါဝင်ခြင်းနဲ့ ပတ်သက်လို့ Jennie က “ဇာတ်ညွှန်းကို ဖတ်ပြီးချိန်မှာ ဒီဇာတ်လမ်းတွဲက အရမ်းချစ်စရာကောင်းတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် အဲဒီဇာတ်လမ်းတွဲမှာ အစိတ်အပိုင်းတစ်ရပ် ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရမ်းစိတ်လှုပ်ရှားရပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ အားလုံးကြိုဆိုကြမယ် ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
လောလောဆယ်မှာ သီချင်းသစ်မထုတ်တာ ၂ နှစ်နီးပါး ရှိပြီးဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ လာမယ့် သြဂုတ်လမှာ Comeback ပြုလုပ်ဖို့ စီစဉ်နေပြီး World Tour ပါ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Source: AKP