– – – LE SSERAFIM Kazuha ရဲ့ အလန်းစားပုံရိပ်တွေနဲ့အတူ သူ့ရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသကို သိခွင့်ရမှာ ဖြစ်ပါတယ်။
LE SSERAFIM အဖွဲ့နဲ့ ပွဲထွက်ပြီးကတည်းက ဂျပန်သူလေး Kazuha ဟာ ကိုရီယားနာမည်ကျော် Suzy နဲ့ ဆင်တယ်ဆိုပြီး ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံရသူဖြစ်ပါတယ်။ Idol မဖြစ်ခင်က ဘဲကလေးအကကို ပရော်ဖက်ရှင်နယ်တစ်ယောက်နီးပါး သင်ယူခဲ့တဲ့ Kazuha ဟာ ဘာကြောင့် စိတ်ကူးပြောင်းခဲ့တာလဲ။
“ကျွန်မဘဝမှာ အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ ကျွန်မတို့အဖွဲ့ ပွဲမထွက်ခင်တုန်းက ကိုရီးယားဘာသာစကားကို သင်ယူရာမှာ အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ပရိုမိုးရှင်းတွေ လုပ်တဲ့အချိန်မှာတော့ အဖွဲ့ဝင်တွေနဲ့ စကားပြောဖြစ်ပြီး ကိုရီယားဘာသာစကားလည်း တိုးတက်လာခဲ့ပါတယ်”လို့ Kazuha က ဆိုပါတယ်။
သူ့ရဲ့ ငယ်ဘဝရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ Kazuha က “ကျွန်မ ငယ်ငယ်တုန်းက လုပ်ချင်တာ နှစ်ခု ရှိပါတယ်။ ပရိသတ်တွေ အားပေးသံကို ကြားရတဲ့ စတိတ်ပေါ်မှာ ဖျော်ဖြေဖို့နဲ့ မဂ္ဂဇင်းမှာ ပါဝင်ရဖို့ ဖြစ်ပြီး အခု အဲဒီအိပ်မက်တွေ တကယ်ဖြစ်လာပါပြီ”လို့ ဆိုပါတယ်။
ဆက်ပြီးတော့ Kazuha က သူတို့ LE SSERAFIM အဖွဲ့အပေါ် ပွဲစထွက်ကတည်းက စိတ်ဝင်စားပြီး အားပေးကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ကြောင်းနဲ့ အခုထက်ပိုပြီး တိုးတက်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: AKP