K pop
■ BTS အဖွဲ့ အမေးခံခဲ့ရတဲ့ ဘေးကျပ်နံကျပ် မေးခွန်း (၄) ခု
-UNICODE
– – -ဒီလို ဘေးကျပ်နံကျပ် မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရာမှာတော့ BTS အဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ပုံက ပညာသားပါလွန်းပြီး……
BTS အဖွဲ့ဟာ အင်တာဗျူးတွေမှာဖြစ်ဖြစ်၊ Show တွေမှာဖြစ်ဖြစ် အစ်အောက်မေးမြန်းမှု၊ စကားနှိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအထဲကမှ ဘေးကျပ်နံကျပ်ဖြစ်စေမဲ့ မေးခွန်းလေးခုကို ရွေးချယ်ထားပြီး ဒီမေးခွန်းကို BTS အဖွဲ့ ဘယ်လိုပြန်ဖြေခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။
ရည်းစားရှိလားလို့ အမေးခံခဲ့ရတဲ့ BTS
BTS ဟာ Access Hollywood မှာ ပါဝင်တုန်းက မေးခွန်းများစွာကို အမေးခံခဲ့ရပြီး အဲဒီအထဲကတစ်ခုက ရည်းစားရှိလား ဆိုတာဖြစ်ပါတယ်။ ဒီမေးခွန်းကို ကြားပြီးနောက်မှာ BTS အဖွဲ့ဝင်တွေက ရယ်မောခဲ့ကြပြီး RM က သူတို့မှာ အချိန်ဇယားတွေနဲ့ ပြည့်နေတဲ့အတွက် ဒိတ်ဖို့ အချိန်မရှိဘူးလို့ ဆိုခဲ့ပါတယ်။
ပုံစံတူကူချတာလားလို့ အမေးခံခဲ့ရစဉ်က
MAP OF THE SOUL: PERSONA အတွက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က Blood, Sweat, & Tears Concept ဟာ ပြင်သစ်ဓာတ်ပုံဆရာတစ်ယောက်ရဲ့ပုံစံတူ ကူးချထားတာလားဆိုတာနဲ့ ပတ်သက်ပြီး မေးခဲ့ပါတယ်။ အဲဒီနောက် Suga က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့အေဂျင်စီက ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ သူတို့ရဲ့ ရပ်တည်ချက်က အေဂျင်စီနဲ့ တစ်သားတည်းဖြစ်ကြောင်း ပရော်ဖက်ရှင်နယ်ဆန်ဆန် တုံ့ပြန်သွားခဲ့ပါတယ်။
ARMY တစ်ယောက်နဲ့ တွဲဖူးလားလို့ အမေးခံခဲ့ရစဉ်
BTS အဖွဲ့ဟာ ၂၀၁၇ ခုနှစ်အတွင်း Ellen DeGeneres Show မှာ ပါဝင်ခဲ့ရာမှာတော့ ARMY တစ်ယောက်နဲ့ တွဲဖူးလားလို့ အမေးခံခဲ့ရပါတယ်။ အဲဒီမှာ V က Not. Not… No! လို့ တုံ့ပြန်ခဲ့ပါတယ်။
စစ်မှုထမ်းဆောင်မှု
နောက်ဆုံး ထွက်ရှိခဲ့တဲ့ BE Album သတင်းစာရှင်းလင်းပွဲမှာတော့ BTS အဖွဲ့က စစ်မှုထမ်းဆောင်မှုနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရပါတယ။် ဒီအခါမှာ Jin က စစ်မှုထမ်းဆောင်မှုဆိုတာ ကိုရီးယားနိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ဖို့ အချိန်ကျရောက်လာပါက သူတို့အဖွဲ့ဝင်တွေအနေနဲ့ တုံ့ဆိုင်းနေမှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
စစ်မှုထမ်းဆောင်မှု
Ref: Koreaboo
You cannot copy content of this page