K pop

■ G-Dragon ကို OG၊ KOK လို့ ချီးကျူးခဲ့တဲ့ The Great Gatsby ဒါရိုက်တာ

– – – ဂန္ထဝင်အဆိုတော်ကြီးရဲ့ ဂန္ထဝင်သီချင်းကို Cover လုပ်ပြီးနောက်မှာ ကမ္ဘာကျော်ဒါရိုက်တာက ……

King of K-Pop ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ကမ္ဘာကျော် ဂန္ထဝင်အဆိုတော် Elvis Presley ရဲ့ ဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Can’t Help Falling in Love With You’ သီချင်းကို Cover လုပ်ကာ သူ့ရဲ့ You Tube Channel တင်ခဲ့တာပါ။

G-Dragon ဟာ အဲဒီသီချင်း Cover Version ကို သူ့ရဲ့ YouTube channel မှာပဲ တင်ခဲ့တာဖြစ်ပြီး ဗီဒီယို ဖန်တီးထားတာကလည်း မိုက်သလို၊ သီချင်းကို သူ့ဗားရှင်းနဲ့ သီဆိုထားတာကြောင့် ပရိသတ်တွေရဲ့နှစ်သက်ခြင်း ခံရပြီး ပညာရှင်တွေရဲ့ ချီးကျူးခြင်း ခံနေရပါတယ်။

အခု ‘Moulin Rouge!’ နဲ့ ‘The Great Gatsby’ ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် သြစတြေးလျ ဒါရိုက်တာနဲ့ မင်းသား Baz Luhrmann က သူရဲ့ ‘Elvis’ ရုပ်ရှင်အတွက် ပရိုမိုးရှင်းဖြစ်စေတဲ့ G-Dragon ကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

သူက “ကိုရီယားက OG of K-pop နဲ့ King of K-Pop G-Dragon က original Elvis the rocker ရဲ့ သီချင်းကို အလန်းစား Cover လုပ်ထားတာပါ။ ဒီသီချင်းက rock ရော punk ပါ ပါဝင်ပြီး ဒါကို အကောင်းဆုံးပုံဖော်ထားတဲ့ G-Dragon ကို မချစ်ဘဲ မနေနိုင်ပါဘူး”လို့ ဆိုခဲ့တာပါ။

Elvis Presley ရဲ့ ‘Can’t Help Falling in Love With You’ သီချင်းကို Cover လုပ်ထားတဲ့ G-Dragon ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Source: AKP

You cannot copy content of this page