– – – အားလုံးမျှော်လင့်နေကြတဲ့ BLACKPINK အဖွဲ့ဟာ Comeback ကို အကြီးကြီး ပြုလုပ်ဖို့ ရှိပြီး အဲဒီအတွက် Trailer ကတော့ …
သြဂုတ် ၁ ရက်မှာ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ Pre-Release Single, Album, World Tour တို့နဲ့ ပြုလုပ်မယ့် Comeback Plan အတွက် စိတ်လှုပ်ရှားဖွယ် comeback trailer ကို ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့တစ်ဝန်းက ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။
BLACKPINK အဖွဲ့အနေနဲ့ သြဂုတ်လမှာ pre-release single သီချင်းတစ်ပုဒ် စတင်ထုတ်ဝေမှာ ဖြစ်ပြီး စက်တင်ဘာလမှာ Album နဲ့ အောက်တိုဘာလမှာတော့ သူတို့ရဲ့ world tour ကို စတင်မှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။
BLACKPINK အဖွဲ့ရဲ့ လာမယ့် Comeback ဟာ ၂ နှစ်နီးပါးအတွင်း အဖွဲ့ရဲ့ ပထမဆုံးအကြိမ် Comeback ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလက သူတို့ရဲ့ ပထဆုံး full-length album “THE ALBUM” ကို ထုတ်ဝေခဲ့ပြီး ခေါင်းစီးသီချင်းကတော့ “Lovesick Girls” ဖြစ်ပါတယ်။
BLACKPINK အဖွဲ့ရဲ့ လာမယ့် Pre-Release Single, Album, World Tour တို့အတွက် “BORN PINK” trailer ကို အောက်ကဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Source: AKP
-Zawgyi
■ Pre-Release Single, Album, World Tour ေတြနဲ႔ အႀကီးႀကီး Comeback လုပ္မယ့္ BLACKPINK
– – – အားလုံးေမွ်ာ္လင့္ေနၾကတဲ့ BLACKPINK အဖဲြ႕ဟာ Comeback ကုိ အႀကီးႀကီး ျပဳလုပ္ဖုိ႔ ရွိၿပီး အဲဒီအတြက္ Trailer ကေတာ့ …
ၾသဂုတ္ ၁ ရက္မွာ BLACKPINK အဖဲြ႕ဟာ သူတုိ႔ရဲ႕ Pre-Release Single, Album, World Tour တုိ႔နဲ႔ ျပဳလုပ္မယ့္ Comeback Plan အတြက္ စိတ္လႈပ္ရွားဖြယ္ comeback trailer ကုိ ထုတ္လႊင့္ခဲ့ၿပီး ကမၻာ့တစ္၀န္းက ပရိသတ္ေတြကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။
BLACKPINK အဖဲြ႕အေနနဲ႔ ၾသဂုတ္လမွာ pre-release single သီခ်င္းတစ္ပုဒ္ စတင္ထုတ္ေ၀မွာ ျဖစ္ၿပီး စက္တင္ဘာလမွာ Album နဲ႔ ေအာက္တုိဘာလမွာေတာ့ သူတုိ႔ရဲ႕ world tour ကုိ စတင္မွာျဖစ္ေၾကာင္း ေၾကညာခဲ့တာပါ။
BLACKPINK အဖဲြ႕ရဲ႕ လာမယ့္ Comeback ဟာ ၂ ႏွစ္နီးပါးအတြင္း အဖဲြ႕ရဲ႕ ပထမဆုံးအႀကိမ္ Comeback ျဖစ္ပါတယ္။ BLACKPINK အဖဲြ႕ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ေအာက္တုိဘာလက သူတုိ႔ရဲ႕ ပထဆုံး full-length album “THE ALBUM” ကုိ ထုတ္ေ၀ခဲ့ၿပီး ေခါင္းစီးသီခ်င္းကေတာ့ “Lovesick Girls” ျဖစ္ပါတယ္။
BLACKPINK အဖဲြ႕ရဲ႕ လာမယ့္ Pre-Release Single, Album, World Tour တုိ႔အတြက္ “BORN PINK” trailer ကုိ ေအာက္ကဗီဒီယုိမွာ ၾကည့္႐ႈႏုိင္ပါတယ္။
Source: AKP