K pop

■ G-Dragon ရဲ့ Cryptic Post ကြောင့် BIGBANG Comeback သတင်း ထွက်လာပြန်

– – – G-Dragon ရဲ့ ဘယ်လို Post တွေကြောင့် BIGBANG Comeback သတင်း ကောလာဟလတွေ ထွက်လာရသလဲဆိုတာကတော့ …

Kings of K-Pop လို့ သတ်မှတ်ခံထားရတဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သူ့ရဲ့ Instagram မှာ Post တွေ တင်ခဲ့ပြီး အဲဒီ Post တွေကြောင့် ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ကြတာပါ။

G-Dragon ဟာ IG Post တွေမှာ “date and time” ကို ဖော်ပြထားတာကို VIPs တွေ သတိထားမိခဲ့ကြပြီး နံနက်အစောပိုင်း စတူဒီယိုမှာ ရှိနေတဲ့ ပုံတွေကြောင့်လည်း BIGBANG Comeback သို့မဟုတ် G-Dragon သီချင်းသစ် ထုတ်ဖွယ်ရှိတယ်လို့ ပရိသတ်တွေ သုံးသပ်နေကြတာပါ။

G-Dragon ရဲ့ IG story တွေဟာ Still Life သီချင်းထုတ်တုန်းက teasers ပုံစံတွေလို ဖြစ်နေတာကြောင့် အဖွဲ့ရဲ့ Comeback များ ထပ်ရှိမလားဆိုပြီး ပရိသတ်တွေ စိတ်လှုပ်ရှားနေကြတာဖြစ်ပြီး Comfrim သတင်းတွေ တက်လာဖို့ မျှော်လင့်နေကြပါတယ်။

ဧပြီလတုန်းက ထုတ်ဝေခဲ့တဲ့ BIGBANG အဖွဲ့ရဲ့ single “Still Life” သီချင်းဟာ blockbuster ဖြစ်ခဲ့ပြီးနောက် ပရိသတ်တွေ အထူးသဖြင့် VIPs တွေဟာ BIGBANG Comeback သို့မဟုတ် G-Dragon အနေနဲ့ သီချင်းသစ် ထုတ်ဝေဖို့ မျှော်လင့်နေကြတာပါ။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page