K pop

■ အရွယ်မလိုက်တဲ့ သီချင်းစာသားတွေကြောင့် NewJeans အဖွဲ့ကို ပရိသတ်တွေ ဒေါသထွက်

– – – HYBE ရဲ့ sublabel ဖြစ်တဲ့ ADOR က ထုတ်တဲ့ ပထမဆုံးအမျိုးသမီးအဖွဲ့ရဲ့ NewJeans ရဲ့ Cookie သီချင်းကတော့ ပြောစမှတ်ဖြစ်လောက်အောင် …

၂၀၂၂ ဇူလိုင်လက ကောင်မလေး (၅) ဦးနဲ့ ပွဲထွက်ခဲ့တဲ့ NewJeans အဖွဲ့မှာ ပါဝင်တဲ့ ကောင်မလေးတွေရဲ့ အသက်အရွယ်က အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အထိ ဖြစ်ပြီး သူတို့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟာ အသက်အရွယ်နဲ့စာရင် အတော်လေး ဟော့ဟော့ရမ်းရမ်း ဖြစ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ADOR ရဲ့ CEO ဖြစ်သူ Min Hee Jin ဟာ NewJeans အဖွဲ့ဝင်တွေကို ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး အခု သြဂုတ် (၁) ရက်က “Cookie” သီချင်းကြောင့် နိုင်ငံတကာပရိသတ်တွေ ဒေါသထွက်နေကြပါတယ်။

နိုင်ငံတကာက ပရိသတ်တွေရဲ့ မှတ်ချက်တွေအရ NewJeans အဖွဲ့ရဲ့ သီချင်းစာသားတွေက အဖွဲ့ဝင်တွေရဲ့ အသက်အရွယ် မသင့်မတော်ဖြစ်ပါတယ်။ အဲဒီသီချင်းမှာ “Cookie” ဆိုတာက “Vagina” ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ သူတို့ ဆိုပါတယ်။

“Cookie” သီချင်းမှာ “Looking at my cookie, the scent alone will make you see. You can’t stop at one bite with me”(ငါ့ရဲ့ ကွက်ကီးလေးကို ကြည့်ပါ။ နင်တစ်ယောက်တည်းသာ ကြည့်ခွင့်ရှိတဲ့ မြင်ကွင်းလေးပေါ့။ နင်ကတော့ ငါ့ကို မကိုက်ဘဲ နေနိုင်မှာ မဟုတ်ဘူး) ဆိုတဲ့ စာသားပါဝင်ပါတယ်။

ဆက်ပြီးတော့လည်း “If you want it, you can get it. If you want it, let me hear you say you want it more”(တကယ်လို့ အဲဒါကို နင်လိုချင်ရင် နင် ရမယ်။ တကယ်လို့ နင်လိုချင်ရင် အဲဒါကို ပိုပြီးပိုပြီး လိုချင်တယ်လို့ ငါ့ကို ပြောပါ)ဆိုတဲ့ စာသားလည်း ပါနေတာပါ။

အဲဒီသီချင်းစာသားတွေဟာ ၁၈+ စာသားတွေ ဖြစ်ပြီး အဖွဲ့ဝင်တွေဟာ အသက် ၁၄ ကနေ အသက် ၁၈ နှစ် အတွင်းတွေမှာမို့ ဒါတွေမျိုးက သူတို့နဲ့ လုံးဝမသင့်တော်ဘူးလို့ နိုင်ငံတကာက ပရိသတ်တွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝေဖန်ခံနေရတဲ့ NewJeans အဖွဲ့ရဲ့ “Cookie” သီချင်းကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Source: AKP

You cannot copy content of this page