– – – အောင်မြင်တဲ့ Solo Debut ပြုလုပ်ပြီးနောက် TWICE အဖွဲ့ဝင် Nayeon အနေနဲ့ K-Pop Soloist တွေထဲမှာ ဂုဏ်ယူစရာ …
TWICE အဖွဲ့ဝင် Nayeon ဟာ ဇူလိုင် ၂၄ ရက်က “IM NAYEON” ဆိုတဲ့ ပထမဆုံး solo mini album နဲ့ Solo Debut ပြုလုပ်ခဲ့တာပါ။ အခုတစ်လကျော်အကြာမှာတော့ Nayeon အနေနဲ့ အဲဒီ solo mini album နဲ့ ဂုဏ်ယူစရာအောင်မြင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။
Nayeon ရဲ့ ပထမဆုံး solo mini album “IM NAYEON” ဟာ Billboard 200 (ခေါ်) Top 200 Albums chart မှာ နံပါတ် ၇ က ပွဲထွက်ခဲ့ပြီး ဒါဟာ K-Pop Soloist တွေထဲမှာ ပထမဆုံး အဆင့် ၁၀ အတွင်း ဝင်ရောက်ခဲ့တာပါ။
အခုတစ်ပတ်မှာတော့ Nayeon ရဲ့ “IM NAYEON” ဟာ Billboard 200 မှာ အဆင့် ၈၉ မှာ ရပ်တည်နိုင်နေဆဲ ဖြစ်တာကြောင့် Nayeon ဟာ K-Pop Soloist တွေထဲမှာ Billboard 200 အတွင်း (၅) ပတ်ဆက်တိုက် ရပ်တည်နိုင်တဲ့ ပထမဆုံး K-Pop Soloist အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
Source: AKP