K pop

■ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့တဲ့ Dara

– – – အသက် ၄၀ နား ကပ်လာပြီဖြစ်ပေမဲ့ အခုအချိန်ထိ အပျိုအဖြစ် ရပ်တည်နေတဲ့ Dara အနေနဲ့ အိမ်ထောင်ရေးဟာ …

MBC ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ‘The Masked Singer’ မှာ 2NE1 အဖွဲ့ဝင် Dara ပါဝင်ခဲ့ပြီး အဲဒီအစီအစဉ်မှာ သူ့ရဲ့ အိမ်ထောင်ရေးအပေါ် သဘောထားနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ရာမှာတော့ အစီအစဉ်တင်ဆက်သူတွေနဲ့ အကြံပေးသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

‘The Masked Singer’ ဟာ အိမ်ထောင်ရေး သာယာရေးအတွက် စုံတွဲတွေကို အကြံပေးတဲ့ အစီအစဉ် တစ်ခုဖြစ်ပြီး စုံတွဲပေါင်း ၁၀၀၀ ကျော်ကို အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဘာတွေလုပ်ရင် သာယာနိုင်တယ် ဆိုတာကို အကြံပေးတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

အဲဒီ ‘The Masked Singer’ မှာ Dara က သူ့အနေနဲ့ အိမ်ထောင်မပြုချင်ဘူးလို့ ဖွင့်ဟဝန်ခံခဲ့တာကြောင့် အစီအစဉ်တင်ဆက်သူတွေနဲ့ အကြံပေးသူတွေ အံ့အားသင့်ခဲ့ကြတာဖြစ်ပြီး Dara က သူ့အနေနဲ့ အိမ်ထောင်မပြုချင်ပေမဲ့ စုံတွဲတွေကို အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အကြံပေးချင်လို့ ဆိုခဲ့ပါတယ်။

Dara ဟာ မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ရဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး Dara ရဲ့ ဖခင်ဖြစ်သူဟာ သူတို့သားအမီတွေကို ထားခဲ့ကာ တခြားမိန်းမနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့သလို၊ Dara ရှာထားတဲ့ ငွေကိုလည်း သုံးဖြုန်းဖူးသူဖြစ်ပါတယ်။

ဒါကြောင့် Dara အနေနဲ့ အိမ်ထောင်ပြုဖို့ ကြောက်ရွံနေတာဖြစ်မယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ Dara အနေနဲ့ အိမ်ထောင်ပြုဖို့ ဆန္ဒမရှိပေမဲ့ သူ့အနေနဲ့ ရည်စားများစွာ တွဲခဲ့ဖူးကြောင်းလည်း အရင်က ဝန်ခံခဲ့ဖူးပါတယ်။

Source: AKP

You cannot copy content of this page