K pop

■ Comeback Date ကို BLACKPINK ကြေညာခဲ့ပြီး “Pink Venom” Teaser ကို ထုတ်ပြ

– – – BLACKPINK အဖွဲ့ရဲ့ Comeback Date ကို ပြက္ခဒိန်မှာ ရေးမှတ်လိုက်ပါ။ Pre-Release Single “Pink Venom” ရဲ့ ပထမဆုံး Teaser ကို ကြည့်ဖို့ကို ပုံကိုနှိပ်ဖတ်ပါ။

သြဂုတ်လ ၈ ရက် ကိုရီယားစံတော်ချိန် 00:00 AM မှာ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပွဲထွက် ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် pre-release single “Pink Venom” သီချင်း ထုတ်ဝေမယ့် ရက်စွဲနဲ့ Teaser ကို ထုတ်ပြခဲ့ပါတယ်။

“Pink Venom” ကို BLACKPINK အဖွဲ့အနေနဲ့ သြဂုတ်လ ၁၉ ရက် ကိုရီယားစံတော်ချိန် နေ့လယ် ၁ နာရီမှာ ထုတ်ဝမှော ဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးရင်တော့ စက်တင်ဘာလမှာ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက် full album ဖြစ်တဲ့ “BORN PINK” ကို ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

အဲဒီ “BORN PINK” Album ထုတ်ဝေပြီးတာနဲ့ BLACKPINK အဖွဲ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ စတင်မှာ ဖြစ်ပြီး MV ကို YG သမိုင်းမှာ ထုတ်လုပ်စရိတ်အများဆုံး အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref: Soompi

 

 

-Zawgyi







Ref: Soompi

You cannot copy content of this page