K pop

■ 2022 MTV Video Music Awards မှာ BLACKPINK ဖျော်ဖြေမယ်

– – – အမေရိကန်မှာ ဒီနှစ် MTV Video Music Awards (VMAs) မှာ BLACKPINK အဖွဲ့အနေနဲ့ ဘယ်နေ့ ဖျော်ဖြေမယ်ဆိုတဲ့အကြောင်းကို ပုံကိုနှိပ်ပြီး ဖတ်ပါ။

သြဂုတ်လ ၁၅ ရက်မှာတော့ BLACKPINK အဖွဲ့က သူတို့အနေနဲ့ 2022 MTV Video Music Awards ပါဝင် ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ BLACKPINK အဖွဲ့အနေနဲ့ အမေရိကန်ဆုပေးပွဲမှာ သူတို့ရဲ့ “BORN PINK” Album က pre-release single ဖြစ်တဲ့ “Pink Venom” ကို ပထမဆုံးအကြိမ် အမေရိကန်မှာ ဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ၂၀၂၀ တုန်းက MTV Video Music Awards မှာ “How You Like That” သီချင်းနဲ့ Song of the Summer ဆုကို ရရှိခဲ့ဖူးပြီး ဆုပေးပွဲသမိုင်းမှာ ပထမဆုံး ဆုရတဲ့ အမျိုးသမီး K-pop အဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်ထားတာပါ။

ဒီနှစ်မှာတော့ BLACKPINK အဖွဲ့ဟာ Best Metaverse Performance (PUBG) ဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားသလို၊ BLACKPINK အဖွဲ့ဝင်Lisa ကလည်း “LALISA” သီချင်းနဲ့ solo act for Best K-Pop ဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားတာပါ။

2022 MTV Video Music Awards မှာ BLACKPINK အဖွဲ့အပြင် nitta, J Balvin, Marshmello x Khalid, Panic! At The Disco, Lizzo, Jack Harlow နဲ့ Måneskin တို့လည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

2022 MTV Video Music Awards ပွဲကို သြဂုတ်လ ၂၉ ရက် ကိုရီးယားစံတော်ချိန် နံနက် ၉ နာရီ ကျင်းပမှာ ဖြစ်ပြီး ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ ရှိပါတယ်။

 

BLACKPINK အဖွဲ့ဟာ သြဂုတ် (၁၉) ရက်မှာ pre-release single ဖြစ်တဲ့ “Pink Venom” သီချင်းကို ထုတ်ဝေသွားမှာဖြစ်ပြီး စက်တင်ဘာ (၁၆) ရက်နေ့မှာတော့ သူတို့ရဲ့ ဒုတိယမြောက် studio album ဖြစ်တဲ့ “BORN PINK” ကို ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

Source: Soompi

You cannot copy content of this page