– – – သူ့ရဲ့ပါရမီနဲ့ အချိန်တွေကို အကောင်းဆုံးနည်းလမ်းနဲ့ ARMY တွေကို ဘယ်လောက်ချစ်ကြောင်း ပြသထားတဲ့ BTS Jungkook အကြောင်းကို ပုံကိုနှိပ်ပြီးဖတ်ပါ။
1- ရေးသားထုတ်ဝေခဲ့တဲ့ Magic Shop
၂၀၁၈ က ထုတ်ဝေခဲ့တဲ့ Magic Shop သီချင်းဟာ Jungkook ကိုယ်တိုင် ARMY တွေအတွက် ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး သူတို့ပင်ပန်းနေချိန်မှာ အဲဒီသီချင်းက စိတ်သက်သာမှုကို ပေးနိုင်ဖို့ ဖြစ်တယ်လို့ Jungkook က ဆိုပါတယ်။
2- Fancafe အတွက် အချိန်ပေးမှု
၂၀၁၈ မှာ Jungkook ဟာ ARMY တွေအတွက် သီးသန့်အချိန်ပေးပြီး တစ်နေ့ ၁၅ မိနစ်လောက် ပရိသတ်တွေနဲ့ တိုက်ရိုက် Chat ခဲ့ကာ ရက်သတ္တပတ်အနည်းငယ် ကြာပါတယ်။
3. “My You” နဲ့ “Still With You”
“My You” နဲ့ “Still With You” ဆိုတဲ့ သီချင်းတွေဟာ ARMY တွေအတွက် Jungkook ကိုယ်တိုင် ရေးထားတာ ဖြစ်ပြီး ARMY တွေကို ဘယ်လောက်တန်ဖိုးထားပြီး ပြန်တွေ့ရဖို့ လွမ်းဆွတ်ကြောင်း ဖော်ပြထားတာပါ။
4- Online “Concert”
Jungkook ဟာ အသက် ၂၄ နှစ်ပြည့် မွေးနေ့တုန်းက ARMY တွေအတွက် ၂ နာရီခွဲကြာတဲ့ Online “Concert” ကို ပြုလုပ်ခဲ့ပြီး ARMY တွေကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့ပါတယ်။
5- ARMY တွေအတွက် tattoo
Jungkook ဟာ ၂၀၁၉ မှာ tattoo တွေကို ထုတ်ပြခဲ့ပြီး ညာဖက်လက်မှာ ထိုးထားတဲ့ tattoo က ARMY ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။
Source: Koreaboo