– – – ကျောင်းသူတွေကို ခြိမ်းခြောက်ခဲ့တဲ့ အိန္ဒိယက ကျောင်းဆရာ၊ သူ ဘာကြောင့် ဒီလိုပြောနိုင်ရတာလဲ ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
အိန္ဒိယ ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းသူလေးတွေကို BTS နဲ့ ပတ်သက်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရလို့ အွန်လိုင်းမှာ နာမည်ကြီးနေကြောင်း ကိုရီယားမီဒီယာတွေက ဖော်ပြနေကြသလို၊ လူမှုကွန်ရက်မှာလည်း နာမည်ကြီးနေပါတယ်။
Siddhartha Misra လို့ အမည်ရတဲ့ အိန္ဒိယကျောင်းဆရာဟာ Physicswallah education platform မှာ တပည့်တွေကို အွန်လိုင်းကနေ စာသင်နေတုန်း BTS နဲ့ ပတ်သက်လို့ ခြိမ်းခြောက်ခဲ့တာဟာ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။
သူက “တကယ်လို့ နင်တို့သာ မိန်းကလေးတွေ မဟုတ်ဘူးဆိုရင် ကော်လံကို ဆွဲကိုင်ပြီး ပါးရိုက်ပစ်မှာ။ နင်တို့ ပါးတွေ ဖူးရောင်ပြီး ‘BTS’ မပြောနိုင်လောက်အောင်ကို ရိုက်ပစ်မှာ။ နင်တို့ နှာခေါင်းတွေကို သွေးထွက်သွားအောင်ကို ထိုးပစ်မှာ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Siddhartha Misra ရဲ့ အဲဒီလို ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်တွေ ဖြစ်တဲ့ Facebook, Twitter တို့မှာ ပျံ့နှံ့နေပြီး သူ့ကို တစ်ကမ္ဘာလုံးက ပရိသတ်တွေက ရှုတ်ချနေကြသလို၊ အခုလို ခြိမ်းခြောက်မှုဟာ မဖြစ်သင့်ဘူးလို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
Source: Koreaboo