K pop

■ ပရိသတ်တွေ မမြင်ဖူးလောက်သေးတဲ့ BLACKPINK အဖွဲ့ ပွဲမထွက်ခင်က ဓာတ်ပုံများ

– – – နာမည်ကျော် BLACKPINK အဖွဲ့ရဲ့ ပွဲမထွက်ခင်က ဓာတ်ပုံတွေမှာ အဖွဲ့ဝင်တွေ ဘယ်လိုရှိတယ်ဆိုတဲ့ အကြောင်းကို ပုံနှိပ်ဖတ်ပါ။

YG ရဲ့ Creative Director က BLACKPINK အဖွဲ့ ပွဲမထွက်ခင်က ဓာတ်ပုံတွေကို ပရိသတ်တွေ မြင်တွေ့နိုင်ဖို့ ထုတ်ဝေခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ ပွဲထွက်ဖို့အတွက် အနည်းဆုံး ၄၊ ၅ နှစ်လောက် သေချာလေ့ကျင့်ပြီး ပွဲထွက်လာတာဖြစ်ပြီး သူတို့ရဲ့ သီချင်းကောင်းမွန်မှု၊ ရုပ်ရည်ချောမောတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

BLACKPINK အဖွဲ့ဝင် အားလုံးဟာ ချောမောလှပတဲ့ ရုပ်ရည်တွေကြောင့်လည်း ကမ္ဘာ့ထိပ်တန်း Brand တွေရဲ့ လက်တွဲခြင်းကိုလည်း အလုအယက် ခံနေရသူတွေ ဖြစ်ပါတယ်။

YG ရဲ့ Creative Director က BLACKPINK အဖွဲ့ဝင်တွေရဲ့ ဆယ်ကျော်သက်အရွယ်၊ ၂၀ ကျော် အရွယ်လောက်က ဓာတ်ပုံတွေကို ထုတ်ပြခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ငယ်ဘ၀ အလွမ်းပြေ ဖြစ်စေမှာ သေချာပါတယ်။

Source: Koreaboo

You cannot copy content of this page