Articles

■ BLACKPINK Fan ဖြစ်လို့ Viral ဖြစ်နေတဲ့ ITZY အဖွဲ့ဝင်

– – – JYP ထုတ် ITZY အဖွဲ့ဝင်ဟာ TWICE ထက် BLACKPINK ကို အရူးအမူး အားပေးသူဖြစ်ပြီး အခွင့်သင့်တိုင်း အဲဒါကို ထုတ်ပြလို့လည်း Viral ဖြစ်နေတာပါ။ သူ့အကြောင်းကို ပုံနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ဟာ ပွဲထွက်ကတည်းက ကမ္ဘာ့အနှံ့က ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပြီး သူတို့ဟာ အခုဆိုရင် K-Pop Idol အချို့ရဲ့ စံပြဖြစ်နေသလို၊ သူတို့ရဲ့ အားပေးမှုကိုလည်း အခိုင်အမာ ရရှိထားသူတွေ ဖြစ်ပါတယ်။

K-Pop Idol တွေထဲမှာ BLACKPINK အဖွဲ့ကို သူတို့ရဲ့ ပရိသတ်တွေဖြစ်တဲ့ BLINKs ထက် မပိုရင်တောင် မလျော့အောင်ချစ်တဲ့သူတွေ ရှိပြီး အဲဒီထဲမှာ ITZY အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Yuna တစ်ယောက် ထိပ်ဆုံးက ပါဝင်ပါတယ်။

တစ်ခါတုန်း Chaeryeong က Yuna အနေနဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ သီချင်းတွေကို အမြဲဆိုလေ့ရှိတာကြောင့် နောက်ပြောင်ဖူးပြီး အဲဒါကို Ryujin က “Yuna အမြဲတမ်းဆိုလေ့ရှိတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ Forever Young ပါပဲ။ ပြီးတော့ How You Like That သီချင်းကိုလည်း ဆိုလေ့ရှိတယ်”လို့ ဆိုပါတယ်။

Yuna ဟာ တစ်ခါတုန်းကလည်း အဖွဲ့နဲ့အတူ လေဆိပ်ဆင်းရာမှာ သူမရဲ့ လက်ကိုင်ဖုန်းနဲ့ သီချင်း နားထောင်နေတာကို မီဒီယာတွေက ဖုန်းစကရင်ကို အမိအရ ရိုက်ကူးနိုင်ခဲ့ရာမှာတော့ Yuna အနေနဲ့ BLACKPINK အဖွဲ့ရဲ့ The Album ကို နားထောင်နေတာ မြင်တွေ့ခဲ့ရတာပါ။

ပရိသတ်တွေနဲ့ စကားပြောရမှာလည်း BLACKPINK အဖွဲ့ရဲ့ comeback အကြောင်း ပြောတဲ့အခါ Yuna က “ကျွန်မလည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်… Pink Venom အတွက်ပေါ့”လို့ ဆိုခဲ့ဖူးတာပါ။ Yuna က သူမအနေနဲ့ BLACKPINK ဖန်ဖြစ်ကြောင်း ဝန်ခံထားသလို၊ အဖွဲ့ဝင်တွေအားလုံးနဲ့ တွေ့ချင်တယ်လို့ ဆိုထားတာပါ။

Source: Koreaboo

You cannot copy content of this page