K pop

■ Kai ရဲ့ Solo Album တစ်ပါတ်အတွင်း ဘယ်လောက်ရောင်းရသလဲ

— Kai ရဲ့ ပထမဆုံး Solo Album ဟာ တစ်ပါတ်အတွင်း ဘယ်လောက်ရောင်းရသလဲလို့ ထင်ပါသ လဲ…

ဒီဇင်ဘာလ 7 ရက်နေ့က Hanteo Chart ဟာ Kai ရဲ့ Debut Solo Mini Album ‘Kai (开)’ ပထမ ရက်သတ္တပတ်ရောင်းအားကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဟာ Kai ရဲ့ Debut Solo Mini Album ‘Kai (开)’ဟာ နိုဝင်ဘာလ 30 ရက်နေ့ကနေ ဒီဇင်ဘာလ 6 ရက်နေ့အထိ Copies 251,919 ရောင်း ချနိုင်ခဲ့တယ်လို့ Hanteo Chart က ကြေညာခဲ့တာပါ။

ဒါ့အပြင် Kai ဟာ ဒီဇင်ဘာလ 6 ရက်နေ့ Daily Physical Album Chart မှာ #1 ရပ်တည်ခဲ့သလို နိုဝင်ဘာလ 30 နဲ့ ဒီဇင်ဘာလ 2 ရက်နေ့တို့မှာ #2 ချိတ်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလရဲ့ ပထမအပတ် Weekly Physical Album Chart မှာတော့ #4 ရပ်တည်ခဲ့ပါတယ်။

2020 ခုနှစ် ထုတ်လွှင့်တဲ့ Solo Artist တွေရဲ့ ပထမအပတ်ရောင်းအားစာရင်းမှာတော့ Kai ရဲ့ Album က #5 ချိတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Kai ဟာ သူ့ရဲ့ Solo Album အတွက် များစွာသော ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ပါဝင်နေပြီး ပရိုမိုးရှင်းတွေပြုလုပ်နေတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page